Videos
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ်ရှိ ဆိုက်ဘေးရီးယားကျားများ
ဟေးလုံကျန်း ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ် ဟိုင်လျင်မြို့ရှိ China Hengdaohezi Feline မွေးမြူရေးစင်တာ၌ ဆိုက်ဘေးရီးယားကျား အကောင်ရေ ၄၀၀ ဝန်းကျင် ရှိပြီးသည်။ ယင်းစင်တာသည် မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ဖြင့်ကြုံတွေ့နေရသည့် တိရစ္ဆာန်မျိုးစိတ်များအတွက် ကမ္ဘာ့အကြီးဆုံး မွေးမြူရေး အခြေစိုက်စခန်း ဖြစ်သည်။ ယနေ့ ဇူလိုင် ၂၉ ရက်သည် အပြည်ပြည်ဆိုင်ရာကျားများနေ့ ဖြစ်သည်။ ဆိုက်ဘေးရီးယားကျားများ ၊ တစ်နည်းအားဖြင့် Amur သို့မဟုတ် Manchurian ကျားများသည် ရုရှားနိုင်ငံ အရှေ့ပိုင်း ၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နှင့် ကိုရီးယားကျွန်းဆွယ်၏ မြောက်ဘက်ပိုင်းတွင် အများဆုံးရှင်သန်နေထိုင်ကြကြောင်း သိရသည်။ (Xinhua)