Connect with us

Videos

တရုတ်နိုင်ငံက ရေလွှမ်းမိုးသည့်ဒေသများတွင် အရေးပေါ် လေ့လာဆန်းစစ်ရန် နှင့် မြေပြင်အချက်အလက်မျှဝေရန် ဒရုန်းအသစ် နှစ်စင်း အောင်မြင်စွာစမ်းသပ်လွှတ်တင်ခဲ့

ဟေလုံကျန်း၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဟေလုံကျန်းပြည်နယ် Zhaodong မြို့တွင် အရေးပေါ်အခြေအနေများအတွက် စီမံထုတ်လုပ်ထားသည့် ဒရုန်းအသစ် နှစ်စင်းကို အောင်မြင်စွာစမ်းသပ်လွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ 

ထို ဒရုန်းအသစ် နှစ်စင်းကို တရုတ်နိုင်ငံ၏ ရေလွှမ်းမိုးမှုဖြစ်ပွားရာဒေသများတွင် လိုအပ်သော အကူအညီပေးရန် စေလွှတ်မောင်းနှင်သွားမည်ဖြစ်ကြောင်းသိရသည်။ ဟေလုံကျန်း surveying and mapping geographic information bureau က ၎င်း ဒရုန်းများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ဒရုန်းများကို အနာဂတ်တွင် လုံခြုံရေး၊လေ့လာဆန်းစစ်ချက်များ၊လုပ်ငန်းဆောင်ရွက်မှုများ၊ဝန်ဆောင်မှုများနှင့် အရေးပေါ်အခြေအနေ များတွင်မြေပြင်အခြေအနေသတင်းအချက်အလက်များ မျှဝေခြင်းစသည်တို့တွင် အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.