Videos
တရုတ်နိုင်ငံတွင် စက်ရုပ်များချက်ပြုတ်တည်ခင်းသည့် စားသောက်ဆိုင်များပြားလာ
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် သက်ရှိလူသားများအစား စက်ရုပ်များက အစားအသောက်များကို ချက်ပြုတ်ပြင်ဆင်ပေးသည့် စားသောက်ဆိုင်များမှာ ယခုနှစ်အတွင်း တဖြေးဖြေး များပြားလာပြီဖြစ်သည်။ အဆိုပါဖွံ့ဖြိုးတိုးတက်မှု က အနာဂတ်ကာလတွင် စားပွဲထိုးမရှိသည့် စားသောက်ဆိုင်များအဖြစ်သို့တဖြေးဖြေး ပြောင်းလဲလာလိမ့်မည်ဟု အများကယုံကြည်ကြသည်။
လာရောက်စားသုံးသူများသည် app တစ်ခုဖြင့်ပင်အစားအသောက်များကို မှာယူနိုင်ပြီး ၎င်းတို့နံပါတ်အားစောင့်ဆိုင်းပြီးအစားအသောက်ကို ကောင်တာမှ ယူရုံဖြစ်သည်။ စားသောက်ပြီး မိမိတို့၏ ပန်းကန်ခွက်ယောက်များကို စက်ရုပ်များက ယူဆောင်ဆေးကြောပေးမည်ဖြစ်ပြီး ထိုစက်ရုပ်များကိုပင် ငွေချေနိုင်မည်ဖြစ်သည်။ စားပွဲထိုးမရှိသည့် စားသောက်ဆိုင်များမှာ တဖြေးဖြေး တွင်ကျယ်လာပြီး အွန်လိုင်းမှ ငွေပေးချေစနစ် နှင့် မိုဘိုင်းဖုန်းများမှ ငွေပေးချေစနစ်များကို အသုံးပြုနိုင်မည်ဟုသိရသည်။ (Xinhua)