Connect with us

Videos

မြောက်ကိုရီးယားနိုင်ငံတွင် ဆေးလိပ်ဆန့်ကျင့်ရေးလှုပ်ရှားမှုဆောင်ရွက်

ပြုံးယမ်း၊ မေ ၂၇ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကိုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံပိုင်မီဒီယာ၏အဆိုအရ ဆေးလိပ်မသောက်ရေးသုတေသနအဖွဲ့အစည်းများကို နိုင်ငံရှိ နေရာအများအပြားတွင်ဖွင့်လှစ်ကာ ဆေးလိပ်အန္တရာယ် သတိပေးချက်များကိုဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အဖွဲ့အစည်းများ က ဆေးလိပ်စွဲနေသူများကို နှစ်သိမ့်ဆွေးနွေးပေးသည့်အပြင် ကျန်းမာရေးနှင့် ကိုက်ညီသည့် ပစ္စည်းများကို ရောင်းချကာ ပြည်သူများဆေးလိပ်ဖြတ်နိုင်စေဖို့အားပေးဆောင်ရွက်ကြသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၂ဝဝ၅ ခုနှစ်တွင် ဆေးလိပ်ဆေးရွက်ကြီးထိန်းချုပ်သည့် ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ဆေးလိပ်မသောက်ရေး ဆွေးနွေးပွဲများကို ၂ဝ၁၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ ပြုံယမ်းမြို့ရှိ လမ်းများပေါ်တွင် ဆေးလိပ်သောက်နိုင်သည့် အချက်ပြလမ်းညွှန်များ မထားဘဲ ဆွန်နိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင် အများပြည်သူသွားလာသည့် နေရာအနည်းငယ်တွင်သာ ဆေးလိပ်သောက်နိုင်သည့် အခန်းများကိုထားပေးထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.