Videos
တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားများအား အလိုအလျောက်သန့်စင်စက်ဖြင့် ဆေးကြောခြင်းလုပ်ဆောင်
ချန်ဒူး၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့် ကျည်ဆန်ရထားများ ခရီးဝေးသွားပြီးနောက် အလိုအလျောက်သန့်စင်စက်ဖြင့် ဆေးကြောခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးကြောသန့်စင်စက်၌ ရေဖြန်းပိုက်ခေါင်းများ နှင့် ဆုံလည်လှည့်၍ရသော ရထားဆေးသည့် ကိရိယာများ ပါဝင်ကြောင်း သိရသည်။သန့်စင်စက်သည် ရထားတွင် ပေနေသည့် အစွန်းအထင်းများအပေါ်မူတည်၍ အက်စစ်ဓါတ်ပါဝင်နှုန်း မတူညီသော သန့်စင်ဆေးရည်များကို အသုံးပြုကာ ဆေးကြောပေးခြင်းဖြစ်ကြောင်း သိရသည်။
သန့်စင်ဆေးကြောမှုများပြုလုပ်နေစဉ် ရထားသည် တစ်နာရီလျှင် ၂ကီလိုမီတာ မှ ၃ကီလိုမီတာနှုန်း ရွေ့လျားနေကြောင်း သိရသည်။အလိုအလျောက်သန့်စင်စက်ဖြင့် ရထားတစ်စီးအား ဆေးကြောရန်ကြာချိန် ၁၀မိနစ်လိုအပ်ပြီး ဆေးကြော သန့်စင်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါက အလုပ်သမားများသည် ရထားတွင် အစွန်းအထင်းများ မကျန်ရှိနေစေရန် ထပ်မံ ပွတ်တိုက်ပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်း သိရသည်။ (Xinhua)