Videos
တရုတ်နိုင်ငံတွင် ရိုးရာ ကောက်ရိုးအနုပညာလက်ရာများမပျောက်ပျက်စေရန်သင်ရိုးအဖြစ်သင်ကြား
ကျိလင်၊ မေလ ၅ ရက် (ဆင်ဟွာ)
တရုတ်ရိုးရာ ကောက်ရိုးများဖြင့် ပန်းခြင်းများ၊ အခြားအနုပညာလက်ရာများ ကို ဖန်တီး တီထွင်သည့် အနုပညာတစ်ရပ်သည် တရုတ်နိုင်ငံတွင် တဖြေးဖြေးတိမ်ကောလျက်ရှိပြီဖြစ်သည်။ ထို အနုပညာ လက်ရာ များကို မပျောက်ပျက်စေရန်အတွက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် ရှိ ကျောင်းတွင် သင်ရိုးတစ်ခုအဖြစ်ထည့်သွင်းသင်ကြားလျက်ရှိသည်။ ဆရာ နှင့် ကျောင်းသားများစုပေါင်း၍ ကောက်ရိုး အနုပညာကိုပုံဖော်ကြပြီး ကျောင်းသားများမှ ကောက်ရိုးအနုပညာပုံစံသစ်များကိုလည်း လေ့လာသင်ကြား လျက်ရှိသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝ နီးပါး ၌ တွင်ကျယ် ခဲ့သည့် အဆိုပါ ကောက်ရိုးအနုပညာအား ယနေ့ခေတ်တွင် အီလက်ထရောနစ်ပစ္စည်းများ ခေတ်မီတိုးတက်လာခြင်းကြောင့် စိတ်ဝင်စားသူ တဖြေးဖြေးနည်းပါးလာသည်။ ထိုသို့ ကောက်ရိုးအနုပညာ ကို သင်ကြားပေးခြင်းကြောင့် ထူးခြားဆန်းကြယ်သည့် ကောက်ရိုးအနုပညာကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ဆရာမ ကျုံးရှုယင် သည် ကျောင်းသားများကို ကောက်ရိုးဖြင့် ပန်းအိုးများ၊ ဦးထုပ်များပြုလုပ်ပုံကို သင်ကြားပေးလျက်ရှိပြီး ကျောင်းသားများကလည်းကြိုးစားပမ်းစား စိတ်ဝင်တစားလိုက်ပါ လုပ်ဆောင်ခဲ့ကြသည်။
“ သမီးဒီဘာသာရပ်ကို ကြိုက်ပါတယ်။ ကောက်ရိုးအနုပညာများကိုဖန်တီးရာမှာ အလွန်စိတ်ရှည်ပြီး သတိထားလုပ်ရပါတယ်။ အဆင့်တစ်ခုခုမှားသွားတာနဲ့ကျန်တဲ့အဆင့်တွေပါ အကုန်လိုက်မှားကုန်တာပါဘဲ”
ယခုလို ရိုးရာလက်မှုအနုပညာကို သင်တန်းဖွင့်လှစ်သင်ကြားခြင်းသည် ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရာတွင် အလွန်ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဆရာမဖြစ်သူက ဆိုသည်။ ကျောင်းသားများအနေဖြင့် ကောက်ရိုးအနုပညာကို ကောင်းမွန်ကျွမ်းကျင်စွာလုပ်ဆောင်နိုင်မည်ဆိုပါက နောင်တွင် ကိုယ်ပိုင်လုပ်ငန်းဖြင့်အသက်မွေးနိုင်သည်အထိ အကျိုးပြုနိုင်မည်ဖြစ်သကဲ့သို့ ရှေးဟောင်း အမွေအနှစ် ကို ထိန်းသိမ်းရာလည်းရောက်နိုင်ကြောင်း ကျောင်းအုပ်ဆရာကြီးကလည်းဆိုသည်။ (Xinhua)