Connect with us

Videos

တရုတ်နိုင်ငံထုတ် လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ ထွန်စက်များဖြင့် လယ်ယာလုပ်ငန်းခွင်တွင် စတင်စမ်းသပ်

ဟဲနန်၊သြဂုတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်တွင်းဖြစ် လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ ထွန်စက်များ ကို လယ်ယာလုပ်ငန်းခွင် အတွင်း စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့သည်။ Super Tractor I ဟု အမည်ပေးထားသည့် အဆိုပါ ထွန်စက်များကို လယ်ကွက်အတွင်း သတ်မှတ်ပေးထားသည့် လမ်းကြောင်းတစ်လျှောက် အလိုအလျောက်မောင်းနှင်ရန်နှင့် လမ်းတွင် ကြုံတွေ့သည့်အတားအဆီးများကို ကျော်လွှားနိုင်စေရန် ဖန်တီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို မောင်းသူမဲ့ ထွန်စက်များကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ တွင် ကလျှို့ယန်မြို့၌ မိတ်ဆက်ပြသခဲ့ပြီး တရုတ်နိုင်ငံ က ထုတ်လုပ်သည့် ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ ထွန်စက်များဖြစ်လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.