Connect with us

Videos

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် မလေးရှားနိုင်ငံ၏ အကြီးဆုံး ရထားလမ်းစီမံကိန်းကြီးပြန်လည်စတင်

ပေကျင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ၏ အကြီးဆုံး ရထားလမ်းစီမံကိန်းကြီး ဖြစ်သည့် အရှေ့ကမ်းရိုးတန်း ရထားလမ်းကွန်ရက် စီမံကိန်းကြီး ပြန်လည်စတင်နေပြီဖြစ်ကြောင်းသိရသည်။ ၎င်းရထားလမ်းကြီးသည် အရှည် ၆၄၀ ကီလိုမီတာရှိပြီး တရုတ်နိုင်ငံ   China Communications Construction Company (CCCC) နှင့် မလေးရှားနိုင်ငံတို့ က အဓိက ပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။  လုပ်ငန်းစတင်ရာတွင် ကောင်းမွန်ချောမွေ့စေရန် CCCC  ကုမ္ပဏီက COVID19 ကူးစက်မှုမှကာကွယ်တားဆီးရေးအစီအမံများကို တင်းကြပ်စွာဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အရည်အသွေးစစ်ဆေးခြင်းနှင့်ထိန်းချုပ်ရေးမန်နေဂျာ Hakimi Razak  က “ CCCC က ကာကွယ်ရေးအစီအမံတွေကို တကယ်ပဲ တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေပါတယ်။ ပထမဆုံးကတော့ ကျွန်တော်တို့ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ဖို့ပေါ့လေ။ ဥပမာ နှာခေါင်းစည်းတွေ အားလုံးဝတ်ဆင်ကြဖို့ပေါ့ နှာခေါင်းစည်းကိုတော့အချိန်တိုင်းဝတ်ဆင်ထားစေပါတယ်။ ကျွန်တော်တို့ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်ပြီးတော့မှ လုပ်ငန်းဆောင်ရွက်စေပါတယ် ။ နောက်ပြီးအရေးအကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေကို နေ့စဉ်စောင့်ကြည့်ပေးခြင်းပဲဖြစ်ပါတယ် ။ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အပူချိန်တွေကို တစ်နေ့ကို နှစ်ကြိမ်တိုင်းတာစစ်ဆေးပေးပါတယ် မနက်တစ်ခါ နေ့လည်တစ်ခါပေါ့လေ။ ကျွန်တော်တစ်ယောက်ထဲအတွက်သာမကဘဲ ဒါဟာ ဝန်ထမ်းအားလုံးကိုဆောင်ရွက်ပေးတာပါ။ ဝန်ထမ်းတွေအားလုံးကလည်း အခုလိုဆောင်ရွက်ပေးတဲ့အတွက် လုံခြုံစိတ်ချမှုရှိကြပါတယ်” ဟု ဆိုသည်။ 

ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ရေးရာ လက်ထောက်တာဝန်ရှိသူ Goh Sem Yen က “ CCCC အနေနဲ့  ကျွန်မတို့လို ဒေသတွင်းက ဝန်ထမ်းတွေကို အထူးဂရုစိုက်ပါတယ် မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်ကတည်းက  ကုမ္ပဏီက ကာကွယ်ရေးလုပ်ငန်းတွေအများကြီးကို ဆောင်ရွက်ပေးခဲ့တာပါ” ဟု ဆိုသည်။ 

ထိုသို့ ထိရောက်သည့် ဆောင်ရွက်မှုများကြောင့် မလေးရှားနိုင်ငံရှိ အဆိုပါလုပ်ငန်းခွင်အတွင်း COVID-19 ကူးစက်ခံရသူ တစ်ဦးမှ မရှိခဲ့ကြောင်းသိရသည်။ 

CCCC  မှ အုပ်ချုပ်မှုမန်နေဂျာ Bai Yin Zhang က “ မလေးရှားနိုင်ငံမှာ COVID-19 စတင်ပြန့်ပွားချိန်ကတည်းက ကျွန်တော်တို့ဆီမှာ COVID-19 ကူးစက်ခံရသူနှင့် သံသယဖြစ်သူလူနာတစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အခုလို လုပ်ငန်းတွေ ကောင်းမွန်စွာ ပြန်လည်စတင်နိုင်တာပါ။ လက်ရှိမှာတော့ ကျွန်တော်တို့လုပ်ငန်း ၈၂ နေရာလောက်မှာ လုပ်ငန်းပြန်လည်စတင်နေပြီးတော့ အခြေခံ အုတ်မြစ်ချခြင်းစတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေတယ် ဒီနှစ်အတွက် ပြီးမြောက်အောင် သတ်မှတ်ထားတဲ့ လုပ်ငန်းပမာဏ ပြည့်မီဖို့ဆောင်ရွက်နေပါတယ်” ဟုဆိုသည်။

ကုမ္ပဏီက မလေးရှားနိုင်ငံ၏ အရှေ့ကမ်းရိုးတန်း ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသည့်ဒေသများကို အနောက်ကမ်းရိုးတန်း နှင့်ချိတ်ဆက်ကာ စီးပွားရေးတိုးတက်စေမည့် လုပ်ငန်းအစီအမံများကို ဆောင်ရွက်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။ အဆိုပါ ရထားလမ်းစီမံကိန်းကြီးသည် ၂၀၂၆ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကာ နိုင်ငံအတွင်း ဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.