Connect with us

Videos

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ဆားဘီးယားနိုင်ငံ ခရီးစဉ် ဒုတိယနေ့တွင် သဘောတူစာချုပ် ၂၀ ကျော် လက်မှတ်ထိုးခဲ့

ဆားဘီးယား၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆားဘီးယားနိုင်ငံ၊ ပိုလန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန် နိုင်ငံသို့ သုံးနိုင်ငံ ချစ်ကြည်ရေးခရီး သွားရောက်ကာ ဥဇဘက်ကစ္စတန် နိုင်ငံ တာ့ရှ်ကန့် မြို့၌ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) ညီလာခံအား တက်ရောက်မည့်ခရီးစဉ် ၏ ပထမခရီးတစ်ထောက်အဖြစ် ဇွန်လ ၁၇ ရက်နေ့တွင် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိခဲ့ သည်။

ဆားဘီးယားနိုင်ငံသမ္မတ Tomislav Nikolic သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား မြို့တော် ဘယ်လ်ဂရိတ် တွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

ဆားဘီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့သည် စီပွားရေး၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း နှင့် ငွေကြေးကဏ္ဍ ဆိုင်ရာ စီမံကိန်း အခု ၂၀ ကျော် သဘောတူ လက်မှတ်ရေးထိုးသည့် အခမ်းအနား အား ဇွန်လ (၁၈) ရက်နေ့ က ကျင်းပခဲ့သည်။ ထိုသဘောတူလက်မှတ် ရေးထိုးမှုအား ရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၊ ဆားဘီးယားနိုင်ငံ သမ္မတ Tomislav Nikolic နှင့် ဝန်ကြီးချုုပ် Aleksandar Vucic တို့ ရှေ့မှောက်တွင် လုပ်ဆောင်ခဲ့ပြီး တရုတ်သမ္မတ နှင့် ဆားဘီးယား သမ္မတ တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ် နှင့် ဆားဘီးယား တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး အား ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဖြစ် တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။

ရှီသည် ဆားဘီးယားနိုင်ငံ သမ္မတ Tomislav Nikolic၊ ပိုလန်နိုင်ငံ သမ္မတ Andrzej Duda၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Islam Karimov တို့၏ ဖိတ်ကြားချက်များ အရ အဆိုပါ နိုင်ငံများသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်နေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.