Videos
တရုတ်နိုင်ငံ၏ အရှည်ဆုံးရေအောက်အဝေးပြေးလမ်းစတင်ဖောက်လုပ်
ကျန်းစု၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် တိုင်ဟူကန်ကြီး၏ အောက်ခြေမှ စတင်ကာ အရှည်ဆုံးရေအောက် အဝေးပြေးလမ်း စတင်ဖောက်လုပ်လျက်ရှိပြီဖြစ်သည်။ ၎င်းမှာ နိုင်ငံအတွင်းရေအောက်အဝေးပြေးလမ်းများ ထဲတွင် အရှည်ဆုံးနှင့်အကျယ်ဆုံးလမ်းဖြစ်မည်ဟုသိရသည်။ တစ်နာရီလျင်အမြန်နှုန်း ကီလိုမီတာ ၁ဝဝ အထိသွားလာနိုင်မည့်အဆိုပါအဝေးပြေးလမ်းကို ၂ဝ၂၁ ခုနှစ်တွင်ဖွင့်လှစ်မည်ဟု စီစဉ်ထားကြသည်။ ကန်အောက်ခြေတွင်ဖောက်လုပ်ရသောကြောင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ကာဖောက်လုပ်မည်ဟုအင်ဂျင်နီယာများကဆိုသည်။ (Xinhua)