Videos
တရုတ်နိုင်ငံ၏ပထမဆုံး လူဆောင်ရွက်မှုမလိုသောဘဏ်
ရှန်ဟိုင်း၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံရှန်ဟိုင်းတွင် ပထမဆုံး လူဆောင်ရွက်မှုမလိုသောဘဏ်ကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ဘဏ်မန်နေဂျာမှာလည်းစက်ရုပ်တစ်ရုပ်သာဖြစ်ပြီး လာရောက်သူများနှင့် ဆက်သွယ်ပြောဆိုနိုင်ကာ ဝန်ဆောင်မှုလည်းပေးနိုင်အောင်နှင့် တိုင်ပင်ဆွေးနွေးနိုင်အောင်စီစဉ်ထားရှိသည်။ ပုံမှန်ဘဏ်များ၏ ဝန်ဆောင်မှု ၉ဝ ရာခိုင်နှုန်းခန့်ကို အဆိုပါဘဏ်ကဆောင်ရွက်ပေးနိုင်ကြောင်းသိရသည်။ နောက်ပိုင်းတွင် အကောင့်လွှဲပြောင်းခြင်းနှင့် ငွေထုတ်ယူခြင်းအပြင် အခြားဝန်ဆောင်မှုများကို ပါဆောင်ရွက်ပေးနိုင်မည့် ဘဏ်တစ်ခုအဖြစ် စမ်းသပ်လျက်ရှိကြောင်း သိရသည်။(Xinhua)