Videos
တရုတ်လက်သမားဆရာတစ်ဦး လေယာဉ်များကို ကိုယ်တိုင်တီထွင်ထုတ်လုပ်
ကျင်းရှန်း၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်းဟေပေပြည်နယ် ကျင်းရှန်းမြို့တွင်နေထိုင်သူ ရှဲ့ပေါ်ကောင်း (Xie Baogang) ဆိုသူ မှာ ၎င်းကိုယ်တိုင် လေယာဉ်များကို တီထွင်ခဲ့သည်မှာ ၈ စင်းမြောက်ခဲ့ပြီဟုသိရသည်။ ရှဲ့သည် လက်သမားဆရာတစ်ဦးဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်လေယာဉ်တည်ဆောက်မှုကို လွန်ခဲ့သည့် ၈ နှစ် ကတည်းက ဆောင်ရွက်ခဲ့သည်။ ယခုအကြိမ်နှင့်ဆိုလျင် ၎င်း၏ လေယာဉ်အားလေ့ကျင့်ပျံသန်းမှုမှာ အကြိမ် ၂ဝဝ တိုင်ခဲ့ပြီဖြစ်သည်။
သူသည် တံခါးများနှင့် ပြတင်းပေါက်ဘောင်များကို ပြုလုပ်ခြင်း၊ ဝရိန်ဆော်ခြင်း၊ ဂဟေဆက်ခြင်း ဖြင့် အသက်မွေးသူ ကျွမ်းကျင်သည့်လက်သမားဆရာ တစ်ဦးဖြစ်သည်။ သူသည် အင်တာနက်မှတစ်ဆင့် လေယာဉ်များတည်ဆောက်ပုံကို လေ့လာခဲ့ပြီး လွယ်ကူရိုးရှင်းသည့် ကိုယ်ပိုင်လေယာဉ်ကို ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။
လေယာဉ်၏ အင်ဂျင်မှလွဲ၍ ကျန်သည့်အစိတ်အပိုင်းများအားလုံးကို ရှဲ့က ကိုယ်တိုင်ဖန်တီးခဲ့သည်။ သူ၏ ၈ စင်းမြောက် လေယာဉ်ကို ၂ဝ၁၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုလေယာဉ်မှာ အမြင့်ဆုံး ကီလိုမီတာ ၄ဝဝ ခန့်အထိ ပျံသန်းနိုင်ပြီး ၁နာရီကို မိုင်၂ဝဝ နှုန်းဖြင့်ပျံသန်းနိုင်ကြောင်းသိရသည်။ ၎င်း၏ ၉ စင်းမြောက် လေယာဉ်ကို စတင်ပြုလုပ်ဖန်တီးနေပြီဖြစ်ကြောင်းသိရသည်။ (Xinhua)