Videos
တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် သြစတြေးလျ နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံ
ကင်ဘာရာ၊ မတ် ၂၄ ရက် (ဆင်ဟွာ)
မတ်လ ၂၂ ရက်နေ့ ညပိုင်းတွင် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့သို့ရောက်ရှိနေသော တရုတ်ဝန်ကြီးချုပ်လီခဲ့ချန်အား သြစတြေးလျနိုင်ငံမှ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ဝန်ကြီးချုပ်လီသည် သြစတြေးလျ ဝန်ကြီးချုပ် Malcom Turnbull နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် သြစတြေးလျ ဝန်ကြီးချုပ် Malcom Turnbull မှကြိုဆိုသည့် အခမ်းအနားတွင်လည်း ဝန်ကြီးချုပ်လီက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ လီသည် သြစတြေးလျ ဘုရင်ခံချုပ် Peter Cosgrove နှင့် တွေ့ဆုံခဲ့သည့်အပြင် သြစတြေးလျ လွှတ်တော်အကြီးအကဲများနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် လီသည် သြစတြေးလျ အတိုက်အခံပါတီခေါင်းဆောင် Bill Shorten နှင့်လည်းဆွေးနွေးခဲ့သည်။ (Xinhua)