Connect with us

Videos

တောင်ကိုရီးယားသမ္မတသစ်အတွက် မဲပေးမှု စတင်

ဆိုးလ် ၊ မေ ၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ဖြင့် ရာထူးမှ ဖယ်ရှားခြင်းခံလိုက်ရသော သမ္မတ(ဟောင်း) ပက်ဂွမ်ဟေး နေရာအား ဆက်ခံရန် ပုံမှန်ကျင်းပနေကြ ကြားဖြတ်ရွေးကောက်ပွဲထက်စော၍ သမ္မတ(သစ်) ရွေးကောက်ပွဲကို မေလ ၉ ရက်တွင် နိုင်ငံတစ်ဝန်းတွင် ကျင်းပနေကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအတွက် နောက်ထပ် သမ္မတ တစ်ယောက်ကို တင်မြှောက်နိုင်ရန်အတွက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း မဲပေးမှု ရွေးချယ်ကြရမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းမဲရုံပေါင်း ၁၃၉၆၄ ရုံဖွင့်လှစ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုမဲပေးကြရန် ရည်ရွယ်ပြီး ဆန္ဒမဲပေးချိန်ကို ၂ဝ၁၂ ခုနှစ်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲထက် အချိန် နှစ်နာရီ ပိုပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.