Videos
နှစ်ပေါင်း ၅ထောင်သက်တမ်းရှိ သောက်သုံးရေထုတ်စနစ် ရှာဖွေတွေ့ရှိ
ကျဲ့ကျန်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ် ရှေးဟောင်းသုတေသီများက တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် နှစ်ပေါင်း ၅ထောင်ခန့် သက်တမ်းရှိသည့် သောက်သုံးရေထုတ်စနစ်ကြီးတစ်ခုကိုတွေ့ရှိခဲ့သည်။
အဆိုပါ ပြည်နယ်မြို့တော် ဟန်ကျိုး အနီးရှိ အဆိုပါ တူးဖော်မှုတွင် ရေနုတ်မြောင်း ၁၁ ခုပါဝင်ပြီး တရုတ်နိုင်ငံတွင်တွေ့ရှိရသမျှထဲ၌ အလွန်သက်တမ်းရှည်သော သောက်သုံးရေထုတ်လုပ်သည့် နည်းစနစ်ဖြစ်ကြောင်းသိရသည်။
ကောက်ရိုးများ နှင့် ဝါးများဖြင့်အသုံးပြုတည်ဆောက်ထားသော အဆိုပါ ပစ္စည်းများကို စစ်ဆေးရာတွင် နှစ်ပေါင်း ၄၇ဝဝ မှ ၅၁ဝဝ အထိ ရှိမည်ဟု ခန့်မှန်းရသည်။ ရေနုတ်မြောင်းများမှာ တောင်တန်း တစ်လျှောက် ချိတ်ဆက်ထားပြီး ရေနုတ်မြောင်း တစ်ခုမှာ ရေလှောင်ကန် ၃ ခုနှင့် ချိတ်ဆက်ထားပြီး တစ်ခုကို၄.၉ စတုရန်း ကီလိုမီတာ ရှိသည်။ (Xinhua)