Videos
ပင်လယ်အနီးရှိ ကျောင်းတွင် ရေလမ်းကြောင်းအန္တရာယ်ကင်းစေမည့် သင်ရိုးသင်ကြား
ဆန်းရှ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများအတွက် ရေကြောင်း အန္တရာယ်မှ ကင်းဝေးစေမည့် သင်ရိုးများစတင်သင်ကြားပေးခဲ့သည်။ အဆိုပါ သင်ရိုးတွင် ရေလမ်းကြောင်းသွားလာရာတွင် အန္တရာယ် ကင်းစွာသွားလာနိုင်ရန် မေးခွန်း၊ အဖြေများ နှင့် အသက်ကယ် အင်္ကျီဝတ်ဆင်ခြင်း ပြိုင်ပွဲများပါဝင်သည်။ ကျောင်းမှာ တောင်တရုတ် ပင်လယ်ပြင်၏ ရေပတ်လည်ဝန်းရံနေသည့် ယောင်ရှင်းကျွန်းစုရှိ ဆန်းရှ မြို့တွင်တည်ရှိသည်။
အဆိုပါသင်ရိုးကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရေးဆွဲ သင်ကြားစေပြီး ယနေ့တွင် ကျောင်းသားပေါင်း ၂၂ ယောက် သင်ကြားလျက်ရှိသည်။ အများစုမှာ ဒေသခံ ငါးဖမ်းသမားများ၏ သားသမီးများဖြစ်သည်ဟုဆိုသည်။ (Xinhua)