Connect with us

Videos

ပါကစ္စတန်ရဲလေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရ

အစ္စလမ်မာဘတ် ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအား အောက်တိုဘာလ ၂၄ ရက် ညပိုင်းက အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းထုတ် ဒေသတွင်းသတင်းစာများ၏ ဖော်ပြချက်များအရ အနည်းဆုံး လူပေါင်း ၅၉ ဦးသေဆုံးပြီး ၁၁၇ ဦးဒဏ်ရာရသွား ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပါကစ္စတန်ပြည်တွင်း Urdu TV သတင်းချန်နယ်က သတင်းဖော်ပြခဲ့သည်။ ဒဏ်ရာရသူ ၁၁၇ ဦးကို Quetta မြို့ထဲရှိ ပြည်သူ့ဆေးရုံ၊ ဆေးပေးခန်းနှင့် စစ်ဆေးရုံ တို့သို့ အသီးသီး ပို့ဆောင်ထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ပါကစ္စတန်နိုင်ငံအာဏာပိုင်များက ဒဏ်ရာရသူများအတွက် ပြည်သူများအနေဖြင့် သွေးလှူဒါန်းပေးကြရန် တိုက်တွန်းထားပြီး Quetta မြို့ရှိဆေးရုံအားလုံးကို အရေးပေါ်အခြေအနေကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.