Connect with us

Videos

ပီရူး၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ် ၂ ဦးသေ ၊ ၁၇ ဦးပျောက်ဆုံး

လီမာ ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ၌ ဇန်နဝါရီလ ၁၄ ရက်တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် မိုင်းတွင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ အခြား လူ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

၎င်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၁၈ မိနစ်တွင် မြေအောက်အနက် ၃၆ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နေအိမ်ပေါင်းများစွာ ငလျင်ဒဏ်သင့်ခဲ့ကြောင်း ၊ သေဆုံးသူ နှင့် ဒဏ်ရာရသူ ဦးရေမှာ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း ပီရူးနိုင်ငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ Jorge Chavez က ဆိုသည်။

ကြေးနီသတ္တုထုတ်လုပ်မှု ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံဖြစ်သော ပီရူးနိုင်ငံ၌ သတ္တုတွင်းမိုင်း အရေအတွက်များစွာ ရှိနေပြီး မကြာခဏ ငလျင်ဒဏ်ခံစားနေရသော ဒေသတစ်ခုဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.