Videos
ပုဂံဒေသရှိ ငလျင်ဒဏ်ခံ စေတီငယ် ၂၂၄ ဆူ ပြင်ဆင်ပြီးစီး
နေပြည်တော်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားများအနက် တစ်နှစ်တာအတွင်း စေတီငယ် ၂၂၄ ဆူကို ပြုပြင် ပြီးစီးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာသို့ပြောသည်။
အလယ်အလတ် ပျက်စီးသောစေတီများကို ၅၀ ရာခိုင်နှုန်း လောက်ပြင်ဆင်ပြီးကာ ၊ အကြီးစား ပျက်စီးမှု ရှိသည့်စေတီများပြင်ဆင်ပြီးဆီးမှုရာခိုင်နှုန်းအား အတိအကျမထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ပြောခဲ့သည်။ ဥပမာအားဖြင့် သဗ္ဗေညုစေတီတော်သည် အပြင်ပန်း အမြင်အရ ပျက်စီးမှု မရှိဟု ထင်ရသော်လည်း အတွင်း၌ အတွင်းကြေ ကြေသွားခြင်း ဖြစ်နိုင်သောကြောင့် စေတီတော်ကြီးအား အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား ရှေးဟောင်းဗိသုကာ ပညာရှင်များက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း၊ နံရံဆေးရေးပန်းချီများ ရှိသည့် စေတီ ဘုရားများကိုမူ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အီတလီနိုင်ငံနှင့် စပိန်နိုင်ငံမှ ပညာရှင်များက ပြုပြင်ပေးဖို့ တာဝန်ယူထားကြကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)