Videos
ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် တရုတ် နိုင်ငံ သို့ ရောက်ရှိ တရုတ် နိုင်ငံ တရားဝင် လည်ပတ်ရေး ခရီးစဉ် စတင်
ဝူဟန့် ၊ ဖေဖော်ဝါရီ် ၁ ရက် (ဆင်ဟွာ)
ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ သည် ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်း က တရုတ် နိုင်ငံ ဝူဟန့် မြို့ သို့ရောက်ရှိ ခဲ့ပြီး ၎င်း၏ တရုတ် နိုင်ငံ တရားဝင် လည်ပတ်ရေး ခရီးစဉ် ကို စတင်ခဲ့ကြောင်း သိရှိရသည်။
ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ သည် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ ဖိတ်ကြားချက် အရ တရုတ် နိုင်ငံ သို့လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ ၎င်း အနေဖြင့် ဇန်နဝါရီ ၃၁ ရက်နေ့ မှ ဖေဖော်ဝါရီ ၂ ရက်နေ့ အထိ တရုတ် နိုင်ငံ တရားဝင် လည်ပတ်မှု ပြုလုပ်သွားမည် ဖြစ်ပြီး တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဝန်ကြီးချုပ် များ၏ နှစ်စဉ် အစည်းအဝေး ကိုလည်း ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ ၏ တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ်သည့် ခရီးစဉ် သည် ၎င်းအနေဖြင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် တာဝန် စတင် ထမ်းဆောင်ပြီးနောက် ပထမ ဦးဆုံး အကြိမ် တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)