Connect with us

Videos

ဘင်္ဂလားဒေ့ရှ်ခေါင်းချင်းဆက်အမွှာများ ခွဲစိတ်မှုခံယူတော့မည်

ဒါကာ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မွေးဖွားခဲ့သော Rabia နှင့် Rokaiya ဟုအမည်ရသည့် ခေါင်းချင်းဆက်အမွှာတို့ကို ခွဲစိတ်ရန်အတွက် ၎င်းတို့၏ မိဘများနှင့် ဆရာဝန်တို့ကကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင်သူများထံမှ အကြံဉာဏ်များ ကို တောင်းခံလျက်ရှိကြောင်းသိရသည်။ အဆိုပါ အမွှာများမှာ အသက် ၁ နှစ်ရှိကြပြီဖြစ်ပြီး ဦးနှောက် တစ်ခုတည်းဖြင့် ဆက်စပ်နေသောကြောင့် ခွဲစိတ်မှုမှာ လွန်စွာ ရှုပ်ထွေးခက်ခဲမည်ဟု ဆရာဝန်များကဆိုသည်။ မိဘများမှာအမွှာရင်သွေးများအား ကိုယ်ဝန်ဆောင်ထားသည်ဟုသာသိထားကြပြီး ထိုသို့ဦးခေါင်းချင်းဆက်စပ်နေသည်ကို မသိရှိကြောင်းဆိုသည်။ ထိုသို့ အမွှာများအား ခွဲစိတ်ရာတွင် ရှုပ်ထွေးမှုများကြောင့် ရလဒ်ဆိုးထွက်ပေါ်လာနိုင်သော်လည်း မိဘများက ၎င်းတို့၏ အမွှာသမီး၂ယောက်စလုံး ကောင်းမွန်စွာခွဲစိတ်မုှခံယူပြီးကျန်းမာ လာစေဖို့မျှော်လင့်ထား ကြောင်းသိရသည်။ ၎င်းတို့မှာ လူအယောက် ၂သိန်း တွင် ၁ယောက်သာဖြစ်ပွားသည့် ရှားပါး ခေါင်းချင်းဆက် အမွှာများဖြစ်ကြောင်း University of Maryland Medical Centerက မှတ်ချက်ပြုသည်။ ကိုယ်ခန္ဓာချင်းဆက်အမွှာများကြားတွင်လည်း ဦးခေါင်းချင်းဆက်သည့် အနေအထားမှာ ၂ ရာခိုင်နှုန်းသာ ဖြစ်ပွားနိုင်ကြောင်းဆေးပညာရှင်များက ကောက်ချက်ချသည်။ အမေရိကန်ပြည်ထောင်စု မြောက် ကယ်ရိုလိုင်းနားတွင်မူအခြား ၁ဝ လအရွယ် ခေါင်းချင်းဆက်အမွှာမိန်းကလေးတစ်စုံကို ပြီးခဲ့သည့်ဇွန်လတွင် ဖီလာဒေးဖီးယားကလေးဆေးရုံမှ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ကြောင်းသိရသည် ။ ထိုသို့ခွဲစိတ်မှု တွင် အာရုံကြောအထူးကု၊ ပလတ်စတစ်ဆာဂျရီ နှင့် အခြား အရိုးအကြောဆရာဝန်များ အထွေထွေရောဂါကုဆရာဝန်ကြီးများအပါအဝင် သူနာပြု များ စုစုပေါင်း ၃ဝ ဦး က နာရီပေါင်း ၁၁ နာရီ ကြာ ခွဲစိတ်ခဲ့ရသည်။ ယခု ဘင်္ဂလားဒေ့ရှ်ကလေးငယ် Rabia နှင့် Rokaiya တို့အား မည်သည့်ရက်တွင် ခွဲစိတ်မည်နှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များပါဝင်ခြင်းရှိမရှိကို မသိရှိရသေးဟုဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.