Connect with us

Videos

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့သည့် Payra တံတား ဖွင့်လှစ်

ဒါကာ ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆောက်လုပ်ရေးအဖွဲ့အစည်းတစ်ခုက တည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ Payra တံတားကြီးကို အောက်တိုဘာ ၂၄ ရက်က တရားဝင်ဖွင့်လှစ်ကာ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ဖွင့်လှစ်ပေးခဲ့ပြီး ယင်းတံတားသည် ဒါကာမြို့တော်၏ တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ Payra မြစ်အထက်တွင် တည်ဆောက်ထားကာ ဒေသခံပြည်သူများ မြစ်တစ်ဖက်ကမ်းသို့ ကူးတို့လှေများအသုံးပြုစရာမလိုဘဲ ဖြတ်သန်းသွားလာနိုင်စေရန် ထိုသို့ တံတားဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

တံတားကြီးသည် အရှည် ၁,၄၇၀ မီတာ ၊ အကျယ် ၁၉.၇၆ မီတာ ရှိပြီး ကေဘယ်လ်ကြိုးများဖြင့်ချိတ်ဆက် တည်ဆောက်ထားသည်။ ရေမျက်နှာပြင်မှ အမြင့် မီတာ ၁၈.၃ မီတာအထက်တွင်တည်ဆောက်ထား သောကြောင့် Payra ဆိပ်ကမ်းသို့ဝင်ထွက်သွားလာသည့် သင်္ဘောများလည်း အလွယ်တကူဖြတ်သန်းသွားလာနိုင်သည်။
ကူဝိတ်မှ ငွေကြေးထောက်ပံ့သည့် အာရပ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် OPEC မှ ငွေကြေးထောက်ပံ့သည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တို့ ပူးပေါင်းမတည်ငွေဖြင့် တရုတ်နိုင်ငံ Longjian Road and Bridge Cooperation Ltd က တံတားကြီးကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟာဆီနာ က ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံ၏ တောင်ပိုင်းဒေသတွင် ထိခိုက်မှုများစွာကြုံတွေ့လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှုမှာအလွန်အရေးပါကြောင်းဆိုသည်။
ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရ၏နိုင်ငံတောင်ပိုင်းဒေသတွင် အခြေခံ အဆောက်အဦစီမံကိန်းကြီးများအကောင်အထည်ဖော်ဆောင်ရေးတွင် အကူအညီပေးခဲ့သည့် တရုတ်နိုင်ငံ အစိုးရ အပါအဝင် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက် များအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.