Connect with us

Videos

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ၇.၅ အဆင့်ရှိ အင်အားပြင်း ငလျင် 

မက္ကဆီကိုစီးတီး၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတောင်ပိုင်း Oaxaca ပြည်နယ်တွင် ဇွန် ၂၃ ရက်က ပြင်းအား ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် တောင်မြေပြိုမှု၊ အဆောက်အဦပြိုလဲပျက်စီးမှုနှင့် အမြင့်မှပြုတ်ကျမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး လူနေအိမ်ခြေ၊ဈေးဆိုင်၊ စာသင်ကျောင်း၊ လေဆိပ်နှင့် ဆေးရုံများတွင် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံအစိုးရက ငလျင်ကြောင့် မျက်ကွယ် လုံခြုံရေးအန္တရာယ်ဖြစ်နိုင်မှုကို စိစစ်နေပြီး ဆုံးရှုံးနစ်နာမှုများကို တွက်ချက်လျက်ရှိကြောင်း သိရသည်။မက္ကဆီကိုအမျိုးသားငလျင်တိုင်းတာရေးဌာန(SSN)၏ထုတ်ပြန်သည့် သတင်းများအရ ငလျင်သည် ဇွန် ၂၃ ရက် ဒေသစံတော်ချိန် ၁၀ နာရီ ၂၉ မိနစ်တွင် Oaxaca ပြည်နယ် La Crucecita တောင်ဘက် ၂၃ ကီလိုမီတာတွင် အနက် ၅ ကီလိုမီတာဖြင့် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.