Videos
မိုးမျှော်တိုက်များပေါ်တွင်ကယ်ဆယ်ရေးလေ့ကျင့်ခန်းများဆောင်ရွက်ကြသည့်မီးသတ်ဝန်ထမ်းများ
ရင်ချွမ်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နင်းရှ ဒေသ ရင်ချွမ်း မြို့ရှိ အမြင့်ဆုံးမိုးမျှော်တိုက်များအဖြစ်သတ်မှတ်ထားသည့် မိုးမျှော်ညီနောင် အဆောက်အဦများပေါ်၌ မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ် ကြိုးများအသုံးပြုကာ ကယ်ဆယ်ရေး လေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့သည်။ ၎င်းအဆောက်အဦများသည် ၆၆ ထပ် ရှိပြီး အမြင့်အားဖြင့် ၃၀၁ မီတာစီရှိကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို မြေပြင်မှ အမြင့် ၂၆၅ မီတာရှိ ၅၈ ထပ်တွင် စမ်းသပ်လေ့ကျင့်ခဲ့ကြသည်။
နင်းရှ ဒေသ မီးသတ်နှင့် ကယ်ဆယ်ရေးဋ္ဌာနမှ တာဝန်ရှိသူ Li Youdong က “တစ်နည်းအားဖြင့်တော့ ဒီလေ့ကျင့်ခန်းဟာ မီးသတ် ဝန်ထမ်းတွေအတွက်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ နောက်တစ်နည်းအားဖြင့်တော့ ကြိုးတွေကိုအသုံးပြုပြီးကယ်ဆယ်ရေးဘယ်လို လုပ်ရမလဲဆိုတဲ့ အတွေ့အကြုံတွေ သူတို့ရရှိစေပါတယ် ။ ဒီလိုလေ့ကျင့်ခန်းမျိုးများများလုပ်ခြင်းအားဖြင့် သူတို့ဟာ တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ရော အဖွဲ့လိုက်အနေနဲ့ရော ကယ်ဆယ်ရေးလုပ်ငန်းတွေမှာကျွမ်းကျင်မှုရှိလာကြမှာပါ။ ဒါမှလည်း အလားတူအဖြစ်အပျက်မျိုးကြုံတဲ့အခါမှာ ပြည်သူတွေကိုကယ်ဆယ်နိုင်ဖို့ ကြိုးကိုအသုံးပြုတဲ့နည်းစနစ်တွေနဲ့အကျွမ်းတဝင်ရှိနေကြမှာပါ “ ဟုဆိုသည်။ ကယ်ဆယ်ရေး လေ့ကျင့်ခန်းများကို အချိန် ၂နာရီကြာပြုလုပ်ခဲ့ကြသည်။ ဆောက်လက်စ မိုးမျှော်ညီနောင် အဆောက်အဦများသည် ရင်ချွမ်းမြို့တွင် အမြင့်ဆုံးအဆောက်အဦများဖြစ်ကြောင်းသိရသည်။ (Xinhua)