Connect with us

Videos

အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်နိုင်မည် ဟု  ဥပဒေရေးရာကျွမ်းကျင်သူများဆို 

ဟောင်ကောင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ၏ ဇွန် ၃၀ ရက်တွင် ကျင်းပသော  ၂၀ ကြိမ်မြောက် အစည်းအဝေး၌  ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းရန် တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုရေး ကိုယ်စားလှယ်များက ဆန္ဒမဲပေး၍ ထောက်ခံ အတည်ပြုခဲ့သည်။ 

ယင်းဥပဒေသည် ဟောင်ကောင်၌ဇွန် ၃၀ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် စတင်အသက်ဝင်ခဲ့သည်။  ယင်းဥပဒေကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြန်တမ်းထုတ်ပြန်ခဲ့ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ၏ ထုတ်ပြန်ချက်အရသိရသည်။ အတည်ပြုပြဋ္ဌာန်းလိုက်သည့်  အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်၏အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မည်ဟု  ဥပဒေရေးရာကျွမ်းကျင်သူများက အသီးသီးပြောကြားခဲ့ကြသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.