Connect with us

Videos

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး အား မေ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)သည် ထူးခြားသည့် အသင်း တစ်ခု ဖြစ်ကြောင်း ၊ နိုင်ငံ၏ လိုအပ်ချက် ဖြစ်သည့် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ၊ အခါအားလျော်စွာ ဖြစ်ပေါ် နေသည့် အခြေခံ လိုအပ်ချက်များ အတွက် အသင်းမှ အမြဲတစေ ကြိုးပမ်း အားထုတ် ပေးသည့် အတွက် လွန်စွာ ကျေးဇူး တင်ရှိကြောင်း ၊ ရှေ့ဆက် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုတောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာက မြန်မာ-တရုတ် ချစ်ကြည် ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနားအား ဂုဏ်ယူ ဝမ်းမြောက် ကြောင်း ၊ သံရုံး အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည် ရေး အသင်း ဆောင်ရွက်ချက်များအား ထောက်ခံ အားပေး မှုများ ၊ ပူးပေါင်း ဆောင်ရွက်မှုများ ရှိသကဲ့သို့အနာဂတ်တွင်လည်း အသင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော် ချစ်ကြည်ရေး ပို၍ မြှင့်တင်ရန် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က မြန်မာ နှင့် တရုတ် နိုင်ငံ တို့၏ ချစ်ကြည် ရင်းနှီးသည့် သမိုင်းကြောင်းများ ၊ အသင်း၏ ထူထောင်ချိန်မှ စတင်၍ ယနေ့ဖြတ်သန်း ဆောင်ရွက်မှုများ ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အသင်း(ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးမျိုးအောင်က အစီရင်ခံစာ ဖတ်ကြားမှုများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ခွဲများမှ တင်ပြမှုများ ၊ အသင်းငွေစာရင်း ရှင်းတမ်းများအား ရှင်းလင်း ဖတ်ကြား တင်ပြမှုများ အပြင် အသင်း ရန်ပုံငွေ တိုးပွားရေး အတွက် စီးပွားရေး အသင်းအဖွဲ့အစည်းများမှ အလှူ¬ငွေ ပေးအပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ် ၇ ရပ်အား ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.