Connect with us

Videos

မြန်မာနိုင်ငံဘက်သို့ သွားလာနိုင်သည့် အာရှတိုက်၏ အမြင့်ဆုံးနှင့်အရှည်လျားဆုံးကြိုးတံတားဖွင့်လှစ်မည်

ယူနန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တည်ဆောက်ချိန် ၅ နှစ်အချိန်ယူပြီးနောက် အာရှတိုက်၏ အမြင့်ဆုံးနှင့် အရှည်လျားဆုံး လုံကျန်းတံတားကြီးကို အချောသတ်ပြီးစီးခဲ့ပြီး ဧပြီလ ၅ ရက်နေ့တွင် စမ်းသပ်၍ ဖြတ်သန်းသွားလာမှုများပြုလုပ်ခဲ့သည်။

အဆိုပါ ကြိုးတံတားသည် ပေပေါင်း ၈၁ဝဝ ပေ ရှည်လျားပြီး တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်ရှိ လုံကျန်းမြစ်ကို ဖြတ်၍ တည်ဆောက်ထားကာ မေလ ၁ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်သည်။ပေါက်ရှန်မြို့နှင့် ထန်ချုံးမြို့တို့ကိုဆက်သွယ်ထားသည့် တံတားသစ်ကြီးသည် မြန်မာနိုင်ငံဘက်သို့ သွားလာနိုင်သည်။

အာရှတိုက်တွင် တောင်၂လုံးကြားတည်ဆောက်ထားသည့် အရှည်ဆုံးနှင့် အမြင့်ဆုံးကြိုးတံတား တစ်စင်းလည်းဖြစ်သည်။အဆိုပါ ကြိုးတံတားသည် ဆန်ဖရန်စစ္စကိုရှိ နံမည်ကျော် Golden Gate တံတားထက် အနည်းငယ်သာတိုသည် ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.