Connect with us

Videos

မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများအသင်း မှ နမ့်ဆမ်မီးဘေးဒုက္ခသည်များအား အလှူငွေ ကျပ်သိန်း ၂၅၀လှူဒါန်း

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိတရုတ်လူမျိုးများအသင်း၊ Zhe Jiang (ကျဲကျန်း ) စီးပွါးရေးလုပ်ငန်းရှင်များအသင်း ၊ ထိုင်ဝမ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းတို့မှ နမ့်ဆမ်မီးဘေးဒုက္ခသည်များ အတွက် အလှူငွေ ကျပ်သိန်း ၂၅၀ အား နမ့်ဆမ်ဒေသခံမှတစ်ဆင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ မီးဘေးသင့်ပြည်သူများထံသို့လှူဒါန်းငွေပေးအပ်ခဲ့သည်။

တရုတ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ Mr.Lv Dexing (မစ္စတာလွီတယ်ရှင်း) က “ကျွန်တော်တို့အသင်းဝင်အားလုံးဟာ အသင်းကချမှတ်တဲ့ ကတိတာဝန်များကို လိုက်နာကြရပါတယ်။ မြန်မာနိုင်ငံသားများနဲ့ စီးပွါးရေးပူးပေါင်းလုပ်ဆောင်ကြတဲ့အခါ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်လုပ်ဖို့ ၊ လူ့အဖွဲ့အစည်း နဲ့ မြန်မာပြည်သူပြည်သားများ အကျိုးကိုလည်း ဆောင်ရွက်ပေးကြမယ်ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။’’ ဟုပြောသည်။

၎င်းအလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် တရုတ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ Mr.Lv Dexing (မစ္စတာလွီတယ်ရှင်း)၊ Zhe Jiang (ကျဲကျန်း) စီးပွါးရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ Mr. He Tinggui (မစ္စတာ ဟဲထင်ကွေ့) နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကောင်စစ်ရေးရာဌာန ညွှန်ကြားရေးမှုး Mr.Wang Xiaochu (မစ္စတာဝမ်းရှောင်ချူ) တို့မှ နမ့်ဆမ်မီးဘေးသင့်ဒေသကိုယ်စားလှယ်အသီးသီးသို့ အလှူငွေ ပေးအပ်ခဲ့သည်။

တရုတ်ကုန်သည်များအသင်းသည် ၂၀၁၅ ဇူလိုင်တွင်ဖြစ်ခဲ့သည့် မကွေး၊ မုံရွာ အစရှိသည့်ရေဘေးသင့်ဒေသ များသို့ ကိုယ်တိုင်သွားရောက် အကူအညီပေးခဲ့သည့်အပြင် တရုတ်သံရုံးမှ ကြီးမှူးကျင်းပသည့် ရံပုံငွေ ဂီတပွဲတွင် လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ အလှူငွေပေးအပ်ပွဲသည် တရုတ်ကုန်သည်များအသင်း၏ ပထမဆုံးသော ပရဟိတပွဲဖြစ်ပြီး၊ ရှေ့ဆက်၍ ပရဟိတများဆောင်ရွက်မည်ဖြစ်ပြီး၊ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာလွီတယ်ရှင်း က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.