Videos
မြေတူးစက်ဖြင့် မြစ်ရေပြင်ပေါ် ဖြတ်ကူးကာ ကျင်းပသည့် မမေ့နိုင်ဖွယ် မင်္ဂလာပွဲ
ရှီးယန်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဟူပေပြည်နယ် ရှီးယန်မြို့တွင်ရေကြီးရေလျှံမှု နှင့် မြစ်ရေကြီးမှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် မူလ စီစဉ်ထားသည့် မင်္ဂလာပွဲတစ်ခုကို ကျင်းပရန် မင်္ဂလာမောင်နှံတို့သည် မြေတူးစက်ကို အသုံးပြုကာ မြစ်တစ်ဖက်ကမ်းသို့ ဖြတ်ကူး၍ မင်္ဂလာပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့သည့် ရုပ်သံဖိုင်ဖြစ်သည်။ မင်္ဂလာမောင်နှံနှင့်တကွ ဆွေမျိုးမိဘများနှင့် မိတ်ဆွေများအားလုံးသည် အလားတူ မြေတူးစက်ဖြင့် မြစ်တစ်ဖက်ကမ်းသို့ကူးကာ မင်္ဂလာပွဲ တက်ရောက်ခဲ့ကြသည်။
မြစ်ရေကြီးမှု ထိန်းချုပ်ရေးအဖွဲ့က ၎င်းမင်္ဂလာပွဲအား အထမြောက်စေရန် မြေတူးစက်များငှားရမ်းကာ ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)