Videos
မြောက်ကိုရီးယားအပေါ် အမည်ပျက်စာရင်းသစ်သွင်းဖို့ ကုလ လုံခြုံရေးကောင်စီ သဘောတူ
ကုလသမဂ္ဂ၊ ဇွန် ၄ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုများ ထပ်တလဲလဲ လုပ်ဆောင်မှုကြောင့် အမည်ပျက် စာရင်းသွင်းကာ ပိတ်ဆို့မှု အသစ်များ ထပ်မံ လုပ်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇွန်လ ၂ ရက်က သဘောတူလိုက်ကြောင်း သိရသည်။မြောက်ကိုရီးယားရှိ လူပုဂ္ဂိုလ် ၁၄ ဦးနှင့် ကုမ္ပဏီ နှစ်ခု၊ ဘဏ် တစ်ခုနှင့် ကိုရီးယား ပြည်သူ့ တပ်မတော် အမြောက်တပ်မဟာတို့အား ခရီးသွားခွင့်များ ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ လုပ်ဆောင်ရန် ၁၅ နိုင်ငံ ကောင်စီက ဆုံးဖြတ်လိုက်သည်။ကိုရီးယား ကျွန်းဆွယ်နှင့် အရှေ့မြောက် အာရှဒေသ ငြိမ်းချမ်း တည်ငြိမ်ရေး ထိန်းသိမ်းရန် အရေးကြီးသည့် အတွက် ကုလ လုံခြုံရေးကောင်စီက ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)