Connect with us

Videos

မွေးဖွားပြီး ၅ ရက်အကြာ ပန်ဒါပေါက်လေးသေဆုံး

ချန်ဒူး၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးပန်ဒါကြီးများစင်တာတွင် ပန်ဒါ အကောင်ပေါက်လေး တစ်ကောင်သည် မွေးဖွားပြီး ၅ ရက်အကြာ မေလ ၁ဝ ရက်နေ့က သေဆုံးခဲ့သည်။ ပန်ဒါပေါက်လေးမှာ မိခင်နို့စို့အပြီး ရုတ်တရက် စူးစူးဝါးဝါးအော်ကာ မိခင်ထံမှ ပြုတ်ကျပြီး ချက်ချင်းသေဆုံးခဲ့ကြောင်းသိရသည်။

တိရစ္ဆာန်ဆရာဝန်များက ပန်ဒါပေါက်လေးကို စစ်ဆေးခဲ့ပြီး ကိုယ်တွင်းအင်္ဂါ မူမမှန်မှု မတွေ့ရဟုဆိုသည်။ ပန်ဒါပေါက်လေးကို ကိုးနှစ်အရွယ် မိခင်ပန်ဒါကြီး အိုင်ဗန်က မေလ ၆ ရက်နေ့က မွေးဖွားခဲ့ပြီး ယခုနှစ်အတွက် ပထမဆုံးပန်ဒါမွေးဖွားမှုအဖြစ်မှတ်တမ်းတင်ခဲ့ပြီးနောက် မိခင်နှင့်အတူဂရုစိုက်ထားရှိခဲ့သည်။ ပန်ဒါလေးမှာ မွေးဖွားစဉ်တွင် ၁၄၅ ဂရမ် မှ ၅ရက်အတွင်း ၁၇၂ ဂရမ်အထိ ကြီးထွားလာခဲ့သည်။

ပန်ဒါပေါက်လေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို သိပ္ပံခန်းသို့ပို့ဆောင်ကာ အခြား စမ်းသပ်စစ်ဆေးမှုများကိုထပ်မံဆောင်ရွက်မည်ဖြစ်ပြီး ပန်ဒါစောင့်ရှောက်ရေးစင်တာမှဝန်ထမ်းများက မိခင်ပန်ဒါမကြီးအား နှစ်သိမ့်ပေးမှုများကိုဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.