Videos
ယူကရိန်းအရေးနှင့်ပတ်သက်သည့်နိုင်ငံများအားလုံး တည်ငြိမ်စွာတွေ့ဆုံဆွေးနွေးမှုဖြင့်ဖြေရှင်းကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်တိုက်တွန်း
ပေကျင်း၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ယူကရိန်းအရေးနှင့်ပတ်သက်သည့် နိုင်ငံများအနေဖြင့် တည်ငြိမ်စွာဖြေရှင်းကြရန်၊ တင်းမာမှုများကိုလျှော့ချရန်နှင့်မတူကွဲပြားမှုများကိုတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများဖြင့်အဖြေရှာကြရန်ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin က နေ့စဉ် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ထိုနေ့အစောပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန် နှင့် တယ်လီဖုန်းမှ တစ်ဆင့်ဆွေးနွေးမှုပြုလုပ်ရာတွင် ယူကရိန်းအကြပ်အတည်း အပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်အားရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်။
“ တရုတ်နိုင်ငံအနေနဲ့ ပြောင်းလဲလာတဲ့ ယူကရိန်းအရေးကိုစိုးရိမ်မိကြောင်းနဲ့ ယူကရိန်းအရေးမှာတရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာမဟုတ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကိုပြောခွင့်ရပုဂ္ဂိုလ် က ကောက်နုတ်ပြောကြားခဲ့ပြီး နိုင်ငံတိုင်း ၏ ဥပဒေရေးရာလုံခြုံရေးအခြေအနေအား လေးစားလိုက်နာသင့်ကြောင်း နှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများအား လေးစားလိုက်နာသင့်ကြောင်းဆိုသည်။
လက်ရှိ ယူကရိန်းအကြပ်အတည်းသည် နောက်ဆုံး သဘောတူညီထားသော Minsk သဘောတူညီချက် အား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုနှင့် အနီးကပ်ဆုံး ဆက်စပ်မှုရှိနေကြောင်း တရုတ်နိုင်ငံအနေဖြင့်ထိုကိစ္စအား အကောင်းဆုံးဖြေရှင်းနိုင်မည့် သက်ဆိုင်ရာနိုင်ငံနှင့် အဖွဲ့အစည်းအားလုံး သို့ ဆက်သွယ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသူကဆို သည်။
သက်ဆိုင်ရာနိုင်ငံများနှင့် အဖွဲ့များအားလုံး အနေဖြင့် တည်တည်ငြိမ်ငြိမ်ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ၊ “လုံခြုံရေးအား ပိုင်းခြား၍မရနိုင်” ဟူသော မူဝါဒကိုအကောင်အထည်ဖော်ဆောင်မှုသည် အရေးကြီးကြောင်း နားလည်သဘောပေါက်ကြရန် ၊တင်းမာမှုများအားဖြေလျှော့ရန် နှင့် ယူကရိန်းအခြေအနေများပိုမိုဆိုးဝါးမလာစေရေး တွေ့ဆုံဆွေးနွေးမှုများနှင့် ညှိနှိုင်းအဖြေရှာမှုများကို လုပ်ဆောင်ကြရန် တရုတ်နိုင်ငံက ထပ်မံ တောင်းဆို တိုက်တွန်းလိုပါကြောင်းပြောခွင့်ရသူက ဆိုသည်။ (Xinhua)
…………………………
(English Version)
Chinese FM calls on all parties to remain calm, resolve Ukraine issue through dialogue
BEIJING, Feb. 22 (Xinhua) — Chinese Foreign Ministry on Tuesday called on all parties on the Ukraine issue to remain calm, ease tensions and resolve differences through dialogue and negotiation.
Foreign Ministry spokesperson Wang Wenbin made the remarks at a daily press briefing.
Chinese State Councilor and Foreign Minister Wang Yi had a telephone conversation with U.S. Secretary of State Antony Blinken earlier in the day, expounding China’s stance on the Ukraine crisis.
“China is concerned about the evolving situation in Ukraine, and China’s position on the Ukraine issue is consistent,” the spokesperson quoted the foreign minister as saying, noting that the legitimate security concerns of any country should be respected, and the purposes and principles of the UN Charter should be upheld.
He said the current situation in the Ukraine crisis is closely related to the delay in the effective implementation of the new Minsk agreement, and China will continue to make contacts with all relevant parties according to the merits of the matter itself.
China once again calls on all parties to exercise restraint, realize the importance of implementing the “indivisibility of security” principle, ease tensions and resolve differences through dialogue and negotiation as the situation in Ukraine is getting worse, the spokesperson said. ■