Videos
ရီယိုအိုလံပစ်ပွဲအတွက် အားကစားရွာ ဖွင့်လှစ်ပေး
ရီယိုဒီဂျနေးရိုး၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
အိုလံပစ် နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများ ကို ရီယိုဒီဂျနေးရိုး၌ သြဂုတ်လနှင့် စက်တင်ဘာလ တို့တွင် ကျင်းပ ရန် အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ် က ဇွန်လ ၁၅ ရက်နေ့ တွင် ဘာရာဒါတီဂျူကာ ရှိ အားကစားရွာ ကို ဖွင့်လှစ်ပေးခဲ့သည်။
အားကစားရွာသည် အကျယ်အဝန်း စတုရန်းမီတာပေါင်း ၂သိန်းရှိပြီး အားကစားသမားပေါင်း ၁၇၉၅ဝ ခန့် နေထိုင်နိုင်မည်ဖြစ်သည်။
အဆိုပါနေရာတွင် စက်ဘီးလမ်းကြောင်း ၄.၅ ကီလိုမီတာနှင့် ရေကူးလေ့ကျင့်နိုင်ရန်အတွက်လည်း ရေပြင် စတုရန်းမီတာ ၅.၅ သန်း ကို ဖန်တီးပေးထားသည်။ လေ့ကျင့်ခြင်းနှင့်ပြိုင်ပွဲဝင်ရန်အတွက် အားကစားရွာမှသွားရောက်ရန် အချိန် မိနစ် ၅ဝ သာ ကြာကြောင်းသိရသည်။ (Xinhua)