Videos
ရွှေတိဂုံ စေတီတော် တွင် ၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ ကျင်းပ
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ တိဘက် ဒေသ ရှိ စာပေယဉ်ကျေးမှု နှင့် လူနေမှု ဘဝ တို့အား ပိုမို သိရှိနားလည်ရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ အား ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် ရှိ ချမ်းသာကြီး တန်ဆောင်း ၌ကျင်းပ ပြုလုပ် ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိသူများ ၊ တိဘက် ဘုန်းတော်ကြီး ကျိကျုံး (Ji Zhong) နှင့် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု သုတေသန စင်တာ ဒါရိုက်တာ မစ္စတာ ကျန်းယွင် (Mr.Zhang Yun) တို့ပါဝင် သည့် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး အသင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်း အဖွဲ့ဝင်များ ၊ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ အဖွဲ့ဝင် ဦးတင်ဦး နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။ ၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ တွင် တိဘက်ဒေသ ၏ ယဉ်ကျေးမှု များဖြစ်သည့် တိဘက် ဗိသုကာ ၊ ပန်းပုပညာ ၊ ပန်းချီပညာ ၊ အလှအပ အဆင်တန်ဆာများ ၊ လတ်မှုအတတ်ပညာများ ၊ ဂီတ ၊ အက ၊ ပြဇတ် ၊ ဘာသာစကား ၊ စာပေ ၊ ရှေးရိုးပုံပြင်စာပေများ ၊ တိဘက်ဆေးပညာ နှင့် နက္ခတ္တဆိုင်ရာ ပြက္ခဒိန် တို့နှင့် ပတ်သက်သည့် ဓာတ်ပုံများကို ခင်းကျင်းပြသ ပေးခဲ့ပြီး ပြပွဲအား တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီ ပြန်ကြားရေးဌာန ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) နှင့် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တို့မှ အဓိက ပူးပေါင်းကျင်းပ ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၈ ရက်အထိ တိဘက်ယဉ်ကျေးမှု နှင့် သက်ဆိုင်သော ဓာတ်ပုံများကို ခင်းကျင်း ပြသပေးသွားမည် ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနား တွင် ဓာတ်ပုံပြပွဲအား လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိသတ်များအား တိဘက်ဒေသ ၏ လှပသော ရှုခင်းများ ပါရှိသည့် ပြက္ခဒိန်များအား ပေးဝေ ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)