Videos
လုပ်ကြံခြင်းခံရသည့်ရုရှားသံအမတ်၏ ရုပ်အလောင်း မော်စကိုသို့ပို့ဆောင်
မော်စကို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဒီဇင်ဘာလ ၁၉ ရက်နေ့က တူရကီနိုင်ငံ အန်ကာရာရှိ ပန်းချီပြခန်းတွင် သေနတ်သမား၏ လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည့် ရုရှားသံအမတ်ကြီး Andrei Karlov ၏ ရုပ်အလောင်းကို မော်စကိုသို့ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင်ပြန်လည်ပို့ဆောင်ခဲ့သည်။ ထိုသို့ပို့ဆောင်ရာ မော်စကိုရှိ Vnukovo International Airport တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu တို့က လေယာဉ်တွင် လိုက်ပါလာသူ ကွယ်လွန်သူ သံအမတ်ကြီး၏ ဇနီးသည် မာရီနာ အား အားပေးနှစ်သိမ့်ခဲ့ကြသည်။(Xinhua)