Videos
ဝေဟင် ခရီး ဘေးကင်းစေရေး မြန်မာ့ လေယာဉ်မှူးကြီး မည်သို့ အကြံပြု စကား ဆိုခဲ့သနည်း
ရန်ကုန် ၊ မေ ၁၆ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ပြည်တွင်း/ပြည်ပ ခရီးသည်များ အများဆုံး သွားလာ အသုံးပြုနေကြသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တို့တွင် ယခုလပိုင်း အတွင်း လေယာဉ် အရေးပေါ် မတော်တဆ ဖြစ်စဉ်များ ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည်။
ယခု လပိုင်း ဖြစ်ပွားခဲ့သော လေယာဉ် မတော်တဆ ဖြစ်စဉ် နှစ်ခုတွင် ပြည်တွင်း/ပြည်ပ ခရီးသည် တစ်ဦးတစ်ယောက်မှ အသေအပျောက် မရှိကြသော်လည်း လေယာဉ် စီးနင်း သွားလာသူ ခရီးသည်များ အတွက် သတိပြု စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်။
အဆိုပါ အခြေအနေများ အပေါ် လေယာဉ် အရေးပေါ် ဆင်းသက်မှု ဖြစ်စဉ် တစ်ခုတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သူ လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်က လေယာဉ်စီး ခရီးသည်များ အနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် စီးနင်းကြရန် နှင့် အရေးပေါ် အခြေအနေဖြင့် ကြုံတွေ့လာရပါက ခရီးသည်များ သိသင့်သော အချက်များအား ဆင်ဟွာ သတင်း ဌာနမှ တစ်ဆင့် ပြောကြားခဲ့သည်။(Xinhua)