Videos
ဝေဟင်စားသောက်ဆိုင်
ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)
အမြင့်ကြောက်သူများအတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်စေမည့် ဝေဟင်တွင်တည်ခင်းသည့် ညစာ ကို ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်ရရှိနိုင်ပြီဖြစ်သည်။ ထိုစားသောက်ဆိုင်မှာ အာရှတိုက်တွင် ဒုတိယလူကြိုက် အများဆုံး စာရင်းဝင်ဆိုင် ဖြစ်သည်။
လေထဲတွင်စားသောက်ရန်အတွက် စားသောက်မည့်သူများနှင့်စားပွဲကို မြေပြင်မှ ၄၅ မီတာအမြင့်အထိရောက်အောင် ကရိန်းဖြင့် ချိတ်ဆွဲထားခြင်းဖြစ်သည်။ထိုသို့လေထဲတွင် ချိတ်ထားသော စားသောက်ဆိုင်တည်ခင်းသည့်ဓလေ့ကို ၂ဝဝ၆ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံက စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုတွင် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် ထိုဆိုင်အမျိုးအစားများဖွင့်လှစ် ခဲ့ပြီးဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်ရန်အတွက် ယခုကဲ့သို့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)