Videos
သဲကန္တာရတွင် ဖောက်လုပ်နေသည့်အဝေးပြေးလမ်းမကြီး
ရှင်းကျန်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အကြီးဆုံး သဲကန္တာရကြီးတစ်ခုဖြစ်သည့် Taklimakan သဲကန္တာရကြီးကိုဖြတ်သန်း ဖောက်လုပ်မည့် Yuli-Qiemo တတိယမြောက်အဝေးပြေးလမ်းမကြီး တည်ဆောက်ရေးစီမံကိန်း၏ ရှင်းကျန်းဒေသအပိုင်းကို ဧပြီနှောင်းပိုင်းက ပြန်လည်စတင်ခဲ့သည်။ သဲကန္တာရအတွင်းရှိ မီတာ ၇၀ ခန့်အထူ ရှိသည့်သဲထုကြီးများကိုအလုပ်သမားပေါင်း၂၀၀ ကျော်က ခက်ခဲစွာဖယ်ရှား ကာ အဝေးပြေးလမ်းကို တည်ဆောက်နေခြင်းဖြစ်သည်။ အဝေးပြေးလမ်းတစ်ခုလုံးကိုတည်ဆောက်ရန် သဲထုထည် ကုဗမီတာပေါင်း ၁.၂ သန်း ကိုဖယ်ရှားရမည်ဖြစ်ကြောင်းသိရသည်။
အဝေးပြေးလမ်းမကြီးတည်ဆောက်ရေးဋ္ဌာနမှ ဒုတိယမန်နေဂျာ ရန်ဟိုင်းဆိုသူက “သဲထုထည် ကုဗမီတာပေါင်း ၁.၂ သန်း ကိုဖယ်ရှားဖို့ဆိုရင် တန် ၄၀ ဆန့် ထရပ်ကားနဲ့ အကြိမ် ၄၂ ,၀၀၀လောက် သွားလိုက်ပြန်လိုက်နဲ့ သဲတွေကို သယ်ထုတ်သွားရမယ့်သဘောပါပဲ။ ဒါက အဝေးပြေးလမ်းတည်ဆောက်ရေးအပိုင်းမှာ အခက်ခဲဆုံးအပိုင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဧပြီ ၆ ရက်ကတည်းက လုပ်ငန်းတွေပြန်စနေတာပါ၊ တံတားတွေ၊ လမ်း ဘောင်တွေ၊ လမ်းမြေသား အတားအဆီးတွေ ရှင်းလင်းတဲ့ စီမံကိန်းရဲ့ ၇၅ ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပါပြီ။ “ ဟုဆိုသည်။
အရှည်အားဖြင့် စုစုပေါင်း ၃၃၀ ကီလိုမီတာရှိသည့် အဝေးပြေးလမ်းကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် လျာထားကြောင်းသိရသည်။ (Xinhua)