Connect with us

Videos

အဆင့်မြင့်နည်းပညာများ တပ်ဆင်ထည့်သွင်းထားသည့် အများသုံးသန့်စင်ခန်း

ရှန်းယန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှန်းယန်းရှိ ဟေပင်းခရိုင်တွင် အဆင့်မြင့်နည်းပညာများ တပ်ဆင်ထည့်သွင်းထားသည့်အများသုံးသန့်စင်ခန်း ကို အသုံးပြုလျက်ရှိသည်။ထိုသန့်စင်ခန်းတွင် တစ်ရှူးများရယူအသုံးပြုရန် မျက်နှာ scan ဖတ်သည့်နည်းပညာကိုအသုံးပြုထားသည်။ ထို့အပြင် မိုဘိုင်းဖုန်းများအားသွင်းနိုင်မည့် အားသွင်းကြိုးများတပ်ဆင်ထားသည့်စင်နှင့် အင်တာနက် wifi ထုတ်လွှတ်မှု အပြင် အရေးပေါ်အသုံးပြုနိုင်သည့် ဆေးဝါးအထောက်အကူပစ္စည်းများလည်းထားရှိပေးထားသည်။ ကလေးများအသုံးပြုနိုင်ရန် ကလေးသုံးသန့်စင်ခန်းပါတပ်ဆင်ပေးထားပြီး အဝတ်လဲနိုင်သည့်အခန်း လဲပါဝင်သည်။

သန့်စင်ခန်းများထဲတွင်လည်း နာမကျန်းသူများအကူအညီရယူနိုင်စေရန် အရေးပေါ်ခလုတ်ကို ထည့်သွင်းတပ်ဆင်ပေးထားသည်။ ဟေပင်းခရိုင်တွင် အထူးအဆင့်မြင့်သန့်စင်ခန်း ၂ ခန်းအပါအဝင် အများသုံးသန့်စင်ခန်းအလုံးရေပေါင်း ၄၅ လုံးကို ပြုပြင်မွမ်းမံခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံတွင် ၂ဝ၁၅ ခုနှစ်ကတည်းက သန့်စင်ခန်းများအဆင့်မြှင့်တင်မွမ်းမံမှုများဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.