Videos
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအမ်း နှင့် တွေ့ဆုံမှု ဖျက်သိမ်း
ဝါရှင်တန် ၊ မေလ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တရားဝင် ရန်လိုသည့် အပြုအမူများ ကို ဆောင်ရွက်လာသောကြောင့် စင်ကာပူ နိုင်ငံ တွင် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်း နှင့် တွေ့ဆုံမှု ကို ဖျက်သိမ်း လိုက်ကြောင်း မေလ ၂၄ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။
အိမ်ဖြူတော် က မေလ ၂၄ ရက်နေ့ က သမ္မတထရမ့် မှ ကင်ဂျုံအမ် အား ပေးပို့သည့် အိတ်ဖွင့်စာ ကို ထုတ်ပြန်ကြေညာ ခဲ့ပြီး စာအတွင်း ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် ကင်ဂျုံအမ်း နှင့် တွေ့ဆုံရန် လွန်စွာ မျှော်လင့်ခဲ့သော်လည်း မြောက်ကိုရီးယား နိုင်ငံ မှ လတ်တလော ကလ အတွင်း အလွန်ပြင်းထန်သည့် ဒေါသ နှင့် တရားဝင် ရန်လိုသည့် အပြုအမူများ ကို ဆောင်ရွက်လာသောကြောင့် ဆွေးနွေးပွဲ ကျင်းပရန် မသင့်လျော်သည့် အချိန်ကာလ ဟု သတ်မှတ်သဖြင့် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့် ဆွေးနွေးပွဲ ကို ဖျက်သိမ်း ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။ (Xinhua)