Connect with us

Videos

အလိုအလျောက်လွှဲယမ်းတပ်ဆင်သည့် နောက်ဆုံးပေါ် တံတားတည်ဆောက်ခြင်း နည်းပညာ

ချုံချင့်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော Erhengxian စီမံကိန်း၏  Kuaisu လမ်းပိုင်းပေါ်ရှိ တံတားကြီးတစ်စင်းကို နောက်ဆုံးပေါ် အလိုအလျောက်လွှဲယမ်းတပ်ဆင်သည့် နည်းပညာအသုံးပြုကာ တည်ဆောက်ခဲ့ကြောင်းသိရသည်။ စုစုပေါင်း အလေးချိန်၂၁,၅၀၀ တန် ရှိသည့် ၎င်းတံတားကြီးကို အပိုင်း ၅ ပိုင်းခွဲကာ တည်ဆောက်ခဲ့ပြီး ထို အပိုင်း ၅ ပိုင်းကို လွှဲယမ်းတပ်ဆင်ရန် ကြာချိန် ၈၂ မိနစ်ခန့်ရှိခဲ့သည်။ တံတားတစ်ပိုင်းစီကို ၈၈ ဒီဂရီ အထိ လှည့်ပတ်ရင်း အချင်းချင်းချိတ်ဆက်မိပြီးနောက် ၃၈၃.၅ မီတာ  အရှည်ရှိသည့် တံတားတစ်စင်းအဖြစ် ပုံပေါ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခု စီမံကိန်းသည် လွှဲယမ်းတပ်ဆင်သည့်တံတား တည်ဆောက်ရေး စီမံကိန်းများထဲတွင် အရှုပ်ထွေးဆုံးစီမံကိန်းတစ်ခုဖြစ်ပြီး လွန်စွာ တိကျသည့်အတိုင်းအတာ များဖြင့် ချိန်သားကိုက်အောင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.