Videos
အာရှတိုက်၏ ဘီယာပွဲတော်
ကျင်းတောင်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်းရှန်တုံပြည်နယ် ကျင်းတောင်မြို့တွင် ကျင်းတောင်နိုင်ငံတကာ ဘီယာပွဲတော်ကိုသြဂုတ်လ ၈ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါဘီယာပွဲတော်တွင် နိုင်ငံတကာတွင် ခေတ်စားလူကြိုက်များသည့် ဘီယာတံဆိပ်ပေါင်း ၄ဝ ကျော်မှ ဘီယာအမျိုးအစားပေါင်း ၂ဝဝ ကျော် ကို လာရောက်သူ ဘီယာချစ်သူများထံမိတ်ဆက်ပေးခဲ့သည်။ အဆိုပါပွဲကျင်းပရာကျင်းတောင်မြို့ကို ဘီယာမြို့တော် ဟုလည်းတင်စားခေါ်ဝေါ်ကြသည်။ ဂျာမနီနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာကျော် Oktoberfest ပွဲတော်နှင့်အလားသဏ္ဍာန်တူကျင်းပသည့်ထိုပွဲသည် အာရှတိုက်တွင်အကြီးဆုံးဘီယာပွဲတော်တစ်ခု ဖြစ်ဖွယ်ရှိပြီး၎င်းကို အာရှ Oktoberfestပွဲတော်ဟုတင်စားခဲ့ကြသည်။(Xinhua)