Videos
အီတလီတွင်တံတားကျိုးကျမှုတွင် သေဆုံးသူအရေအတွက်တိုးမြင့်လျက်ရှိ
ရောမ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)
အီတလီနိုင်ငံ၏ အနောက်မြောက်ပိုင်းမြို့ဂျီနိုအာရှိ Morandi တံတား ကျိုးကျမှုဖြစ်စဉ်တွင် လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက်မှာ ၃၉ ဦးအထိရှိပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
တံတားကျိုးကျပျက်စီးရသည့် အကြောင်းရင်းမှာ တံတားတည်ဆောက်ပုံ အနေအထား လိုအပ်မှု ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံမီဒီယာများက မြို့ပြကာကွယ်စောင့်ရှောက်ရေးဌာနနှင့် အရန်မီးသတ် ဌာန အရာရှိများ၏ ပြောကြားချက်များအရ ဖော်ပြထားသည်။တံတားကျိုးကျမှုဖြစ်ရပ်မှာ “အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်ဆိုးကြီးဖြစ်တယ်”ဟု အီတလီအစိုးရက ဆိုသည်။ (Xinhua)