Videos
၂ လကြာပိတ်ထားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့သည့် ပေကျင်းရှိဈေးကြီးအား အဆင့်မြှင့်တင်ပြီး ပြန်လည်ဖွင့်လှစ်တော့မည်
ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဇွန်လက COVID-19 ကူးစက်မှုဖြစ်ပွားခဲ့သောကြောင့် ၂ လကြာ ပိတ်ထားခဲ့ရသည့် ပေကျင်းမြို့ရှိ Xinfadi ဟု အမည်ရသော လက်ကားဈေးကြီး အား အဆင့်မြှင့်တင်မှုများပြုလုပ်ပြီးနောက် ဩဂုတ် ၁၅ ရက် တွင် တရားဝင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုဈေးကြီး၌ ရောင်းဝယ်ဖောက်ကားရန် ရောင်းသူနှင့်ဝယ်သူများအားလုံး အွန်လိုင်းမှ တစ်ဆင့် ကြိုတင်စာရင်းပေးရန်လိုအပ်ပြီး ဈေးသို့ရောက်လာသူအားလုံးကို မျက်နှာဖတ်စနစ်၊ ခန္ဓာကိုယ်အပူချိန်တိုင်းစနစ်၊ ပုံမှန် ပိုးသတ်ဆေးဖျန်းစနစ်နှင့် ကုန်စည်များကို နမူနာကောက်ယူစစ်ဆေးခြင်းစသည်တို့ကို ဆောင်ရွက်စေသည်။ လက်ရှိတွင် ဈေးအတွင်း digital စနစ်၊ အသိဉာဏ်စနစ်နှင့် တင်းကြပ်စွာ စစ်ဆေးခြင်းတို့ဖြင့်အဆင့်မြှင့်တင်ကာ စီမံခန့်ခွဲထားရှိပြီဖြစ်သည်။ (Xinhua)