Videos
၂၀၁၇ ခုနှစ် တရုတ်ရိုးရာနှစ်သစ်ကူး ပျော်ရွင်ဖွယ်ရာ ဆွေမျိုးပေါက်ဖော် အနုပညာပဒေသာကပွဲ
ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)
၂၀၁၇ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူး ပျော်ရွင်ဖွယ်ရာ ဆွေမျိုးပေါက်ဖော် အနုပညာ ပဒေသာ ကပွဲအား တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်း ပါဝင်၍ ဇန်နဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အနုပညာ ပဒေသာ ကပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုတို့က အဖွင့် နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြားခဲ့ပြီး ယခု ပွဲတော်သည် တရုတ်ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် နှစ်နိုင်ငံ အနုပညာရှင်များ ယဉ်ကျေးမှု ဖလှယ်ခြင်း အနှစ်သာရကို ထင်ဟပ်စေသည့် အနုပညာ ပဒေသာ ကပွဲ ဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူး ပျော်ရွင်ဖွယ်ရာ ဆွေမျိုးပေါက်ဖော် အနုပညာ ပဒေသာ ကပွဲတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များက နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု အနုပညာ အက ၊ အလှများ ၊ ရိုးရာ တေးဂီတ တူရိယာ တီးမှုတ်ဖျော်ဖြေမှုများ နှင့် ရှောင်လင် သိုင်းပညာ သရုပ်ဖော် ပြကွက်များဖြင့် တင်ဆက် ပြသခဲ့ကြသည်။ (Xinhua)