Videos
၃ ထပ်အဆောက်အဦအား အချိန် ၁နာရီခွဲအတွင်းအလုံးလိုက် ရွှေ့ပြောင်းခဲ့
ကျိနန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျိနန်မြို့တွင် ၁၉ ရာစုက ဆောက်လုပ်ထားသည့် အိမ်တစ်လုံးကို နောက်တွဲယာဉ်ကဲ့သို့ ကားဘီအများအပြားပါရှိသည့်ယာဉ် ၁၀စင်းကိုအသုံးပြုကာ မီတာ ၇၀ ကျော် အကွာအဝေးသို့ ရွှေ့ပြောင်းခဲ့ကြောင်းသိရသည်။ ၎င်းအိမ်ကြီးသည် ၃ထပ်အဆောက်အဦဖြစ်ပြီး စုစုပေါင်း အလေးချိန် တန် ၂၆၀၀ ခန့်ရှိသည်။ မူလတည်ဆောက်ထားသည့် လက်ရာပုံစံအတိုင်း မပျောက်ပျက်စေရန် အိမ်အလုံးလိုက် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ ၎င်းအိမ်ကြီး အောက်ခြေအကျယ်အဝန်းသည် စတုရန်းမီတာပေါင်း ၁,၇၀၀ ရှိပြီး ၁၈၉၃ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခု video ထဲတွင် အိမ်ကြီးအား အဆင့်ဆင့် ရွှေ့ပြောင်းပုံကို animation ရုပ်များဖြင့်လည်း သရုပ်ဖော်ပြသထားသည်။ ၎င်း သုံးထပ်အဆောက်အဦကြီးတစ်ခုလုံးကို အချိန် တစ်နာရီခွဲအတွင်းအပြီး ရွှေ့ပြောင်းနိုင်ခဲ့သည်။ (Xinhua)