Media
ခန္ဓာကိုယ်တစ်ပိုင်းသာရှိသော်လည်းဘဝကိုအရှုံးမပေးသည့် မိန်းကလေး
ကျန်းရှီး၊ မေ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းရှီးပြည်နယ် shangrao မြို့တွင် အသက် ၁၆ နှစ်အရွယ် Jiang Zhangziyi ဟုအမည်ရသည့်မိန်းကလေးတစ်ဦးရှိသည်။ ငယ်စဉ်က မော်တော်ယာဉ်မတော်တဆမှုကြောင့် ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသည့် Jiang သည် ဘဝကို အရှုံး မပေးဘဲ ကြိုးစားဖြတ်သန်းနေသူတစ်ဦးဖြစ်သည်။
ယခု ရုပ်သံဖိုင်မှာ အက ပညာအားချစ်မြတ်နိုးပြီး ရုပ်သံထုတ်လွှင့်ခြင်း ပညာလေ့လာဆည်းပူးနေသည့် Jiang ၏ ကြိုးပမ်းအားထုတ်မှုများကို ရိုက်ကူးတင်ဆက်ထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ အများနှင့်မတူသော်လည်း စိတ်ပျက်အားလျော့စရာမလိုဘဲ ကြိုးစားအားထုတ်ခြင်းသာအဓိက ဖြစ်သည်ကို ခန္ဓာကိုယ်တစ်ပိုင်းသာရှိပြီး ဘဝကိုအရှုံးမပေးသည့် Jiang က သက်သေပြလိုက်ခြင်းဖြစ်သည်။(Xinhua)
…………………..
Teenage paraplegic shows why being different should never hold you back
Never give up! Jiang, 16, lost both her legs when she was little, but she has not let it hold her back. She loves to dance, and has her sights set on studying broadcasting
Produced by Xinhua Global Service■