Connect with us

Media

တရုတ်နှစ်သစ်ကူးကာလအတွင်း အလုပ်တာ၀န်ကိုပြီးဆုံးအောင် ထမ်းဆောင်ကြသူများ

အန်းယန် ၊ ဟူနန် ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လူအများစုသည် တရုတ်နှစ်သစ်ကူးပွဲကို သူတို့၏ မိသားစု၊ မိတ်ဆွေများနှင့်အတူ ဆင်နွှဲနေချိန်တွင် ၀န်ထမ်းအတော်များများမှာမူမြို့တော်၏လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရန် သူတို့၏တာ၀န်ကိုပြီးဆုံးအောင် ထမ်းဆောင်နေခဲ့ကြသည်။

သူတို့သည် လနှစ်သစ်ကူး အားလပ်ရက်အတွင်း အလုပ်တာ၀န်များ ပြီးဆုံးအောင် ထမ်းဆောင်နေခဲ့ကြသည်။

အန်းယန်မြို့ ၊ ဟူနန် ပြည်နယ်
တရုတ်နိုင်ငံ အလယ်ပိုင်း
မနက် ၇ နာရီ
ဇန်နဝါရီ (၃၁) ရက် ၂၀၂၂
တရုတ်နှစ်သစ်ကူးအကြိုနေ့

လျှပ်စစ်၀န်ထမ်းများက ဓာတ်အားပေးဝေရေးလုပ်ငန်း သေချာစေရန် လှည့်လည်စစ်ဆေးကြသည်။

“အဲဒီမှာ အခြေအနေ ဘယ်လိုလဲ။ ပြဿနာတစ်ခုခု ရှိလား။
ဘာပြဿနာမှ မရှိပါဘူး။
ကျွန်တော်အဲဒီပေါ်ကို စစ်ဆေးကြည့်ခဲ့ပြီးပါပြီ။
အကြိမ်ပေါင်းများစွာ စစ်ခဲ့ပြီးပါပြီ။
နွေဦးပွဲတော်ကာလအတွင်း ဓာတ်အားပေးဝေဖို့ကိစ္စက ပုံမှန်အတိုင်း လည်ပတ်နေမှာ သေချာပါတယ်။
ကောင်းတယ်။ နောက်တစ်နေရာ ။
သွားကြစို့။”

မနက် ၇ နာရီခွဲ
ဇန်နဝါရီ (၃၁) ရက် ၂၀၂၂
အန်းယန်မြို့ အရေးပေါ်လူနာဌာန

“မင်္ဂလာပါ။ လိုင်းနံပါတ် ၁၂၀ကပါ။ ကျွန်မကတော့ နံပါတ်၅ပါ။ ဘာများကူညီပေးရမလဲရှင်။
အိုကေ။ မစိုးရိမ်ပါနဲ့။
ကျွန်မတို့မှာ ကိုယ်၀န်ဆောင်အမျိုးသမီးတွေအတွက် green ဆက်သွယ်‌ရေးချန်နယ်လ် ရှိပါတယ်။
ကျေးဇူးပြုပြီး လိပ်စာလေး ပြောပြပါ။
ရှင့်ကို လာခေါ်ဖို့ လူနာတင်ကားတစ်စီးကို အမြန်ဆုံးစီစဉ်ပေးပါ့မယ်။”

မနက် ၈နာရီ
ဇန်နဝါရီ (၃၁) ရက် ၂၀၂၂
လုံခြုံရေးအတွက် ရဲသားများ ပုံမှန်လှည့်ကင်း လှည့်နေသည်။

မနက် ၉နာရီ
ဇန်နဝါရီ (၃၁) ရက် ၂၀၂၂
ဆေးရုံမှ ကျန်းမာရေး၀န်ထမ်းက လူနာဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

“ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးပါ။
ဒီနေ့ ရှင် နေကောင်းပုံရတယ်။
ဘာမှမပူပါနဲ့။ မကြာခင် အများကြီး ပြန်ကောင်းလာတော့မှာပါ။
ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးပါ။
ကျွန်တော်တို့ကို ပိတ်ရက်မှာ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

မနက် ၁၀နာရီ
ဇန်နဝါရီ (၃၁) ရက် ၂၀၂၂
မီးသတ်သမားများက ဈေး၀ယ်စင်တာကို အန္တရာယ်ကင်းမကင်း စစ်ဆေး

“အဲဒီအပေါ်ကို မင်း စစ်ကြည့်ခဲ့ပြီးပြီလား။
ကျွန်တော်တို့ ဒီနားက အလုပ်တွေပြီးသွားပြီ။
ကျွန်တော်တို့ ခြေလျင်လူသွားလမ်းကို စစ်ကြည့်ခဲ့ပြီးပြီ။
ကောင်းတယ်။ ကျွန်တော်တို့ စူပါမားကတ်ဘက်ကို သွားပြီး စစ်ကြည့်လိုက်ဦးမယ်။
ကျွန်တော်တို့ အလုပ်တွေကို ဒီမနက်မှာ အပြီးသတ်အောင်လုပ်ရမယ်။
အိုကေ”
သူတို့၏လုပ်ဆောင်ချက်များကို ကျေးဇူးတင်သည်။ မြို့တော်သည် အားလပ်ရက်တွင် ပုံမှန်အတိုင်းပင် လည်ပတ်နိုင်ခဲ့သည်။(Xinhua)

————————–
(English Version)

GLOBALink | Those who stick to their posts during Lunar New Year
While most people are celebrating the Lunar New Year with their family and friends in China, many people are sticking to their posts, ensuring the smooth operation of the city. #GLOBALink

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.