Connect with us

International Organizations

ကမ္ဘာလုံးဆိုင်ရာ အခြေအနေအပေါ် သတိပေးချက် ၅ ချက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇန်နဝါရီ ၂၁ ရက် ကုလသမဂ္ဂညီလာခံတွင် ၂၀၂၂ ခုနှစ် အဓိက လုပ်ငန်းဆောင်တာများအား ပြောကြားခဲ့ရာတွင် ကမ္ဘာလုံးဆိုင်ရာ အခြေအနေအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ချွတ်ယွင်းခြင်း၊ ရာသီဥတုအန္တရာယ်အကျပ်အတည်း၊ နည်းပညာသစ်များအား အလွဲသုံးစားပြုလုပ်ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ ဟူ၍ သတိပေးချက် ၅ ချက် ပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် “အမြင့်ဆုံးအဆင့် အန္တရာယ်မီး သတိပေးချက်” နှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဂူတာရက်စ်က ထောက်ပြပြောဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရခြင်း မမျှတသည့်အခြေအနေ ပို၍ ဆိုးဝါးလာခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ရာသီဥတုအကျပ်အတည်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် ဇီဝမျိုးစုံမျိုးစိတ်ကွဲများ ပျက်သုဉ်းပျောက်ကွယ်မှု ဆိုးဝါးလာခြင်း၊ နိုင်ငံရေးလှိုင်းဒဏ်နှင့်စစ်ရေးပဋိပက္ခဖြစ်ပွားမှု များပြားလာခြင်း၊ နိုင်ငံကြီးများအကြား မယုံကြည်မှုက အပြင်းထန်ဆုံးဖြစ်လာခြင်း၊ သတင်းအချက်အလက်မြန်နှုန်းမြင့်လမ်းကြောင်းတွင် အမုန်းတရားနှင့် လိမ်ညာမှုများဖြင့် ပိတ်ဆို့နေခြင်း တို့နှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ၂၀၂၂ ခုနှစ် အဓိကလုပ်ငန်းဆောင်တာများအား အစီရင်ခံပြောကြားနေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား ဇန်နဝါရီ ၂၁ ရက်က ကို တွေ့ရစဉ် (Eskinder Debebe/UN Photo/Handout via Xinhua)

သတိပေးချက် ၅ ချက်သည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ကျရှုံးခြင်းနှင့် ဆက်စပ်နေကြောင်း ဂူတာရက်စ် ယူဆထားသည်။ ကိုဗစ်ကာကွယ်ဆေး ဝေငှမှု မမျှတခြင်းမှဖြစ်ပေါ်လာသည့် အန္တရာယ်၊ လက်ရှိကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်အား ပြုပြင်ပြောင်းလဲရန် အရေးကြီးမှု၊ ရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီးလိုအပ်နေမှု၊ ပြည်သူ့ဗဟိုပြု နည်းပညာသစ်တည်ဆောက်ရေးကို ကမ္ဘာလုံးဆိုင်ရာ စီမံခန်ခွဲမှုစနစ်တွင် အသုံးချရန် လိုအပ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကို ဖယ်ရှားပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အရေးကြီးမှုတို့အား ပြောကြားခဲ့သည်။

ဤသတိပေးချက် ၅ ချက်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းကြမည်ဆိုသည်က အနာဂတ် နှစ်ပေါင်းဒါဇင်နှင့်ချီသော လူသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလားရာအပေါ် အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း ဂူတာရက်စ်က ဆိုသည်။ ကမ္ဘာကြီးသည် “အရေးပေါ်အနေအထား”ကို စတင်ထားရန်လိုအပ်ပြီး နိုင်ငံအားလုံးက “တောက်လောင်မည့်မီးကို ငြှိမ်းသတ်ရန်” အပြည့်အဝ လှုပ်ရှားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

………………………………………………
(Chinese Version)

(国际)联合国秘书长就世界形势提出五大警讯

2022-01-22 09:48:47
新华社联合国1月21日电(记者尚绪谦)联合国秘书长古特雷斯21日向联合国大会通报其2022年工作重点时,就世界形势提出五大警讯,即新冠疫情、全球金融治理体系缺陷、气候危机、新技术滥用、武装冲突。

他指出,世界面临“最高级别的火警”。全球新冠疫情面临不确定性;不平等现象加剧;通货膨胀上升;气候危机、环境污染和生物多样性丧失恶化;政治动荡和军事冲突频发;大国之间的不信任达到白热化;信息高速公路被仇恨和谎言堵塞。

古特雷斯认为,五大警讯均与全球治理失败有关。他强调了新冠疫苗分配不均带来的危害、改革现有全球金融治理体系的重要性、应对气候危机的紧迫性、建立以人为本的新技术应用全球治理体系的必要性,以及消弭武装冲突、建设和平的重要性。

古特雷斯表示,如何应对五大警讯将决定未来数十年的人类发展方向。世界必须启动“紧急模式”,所有国家都要充分行动起来“灭火”。(完)

(220122) — UNITED NATIONS, Jan. 22, 2022 (Xinhua) — UN Secretary-General Antonio Guterres briefs the UN General Assembly on his priorities for 2022 at the UN headquarters in New York on Jan. 21, 2022. Antonio Guterres on Friday raised five alarms for the world for 2022. (Eskinder Debebe/UN Photo/Handout via Xinhua)