Connect with us

North America

ရုရှားနယ်စပ်အနီးတွင် နိုင်ငံစုံ စစ်ရေးအစုအဖွဲ့ ဖွဲ့စည်းရန် အမေရိကန်ကြိုးပမ်းနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

မော်စကို၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ရုရှားနယ်စပ်အနီးတွင် နိုင်ငံစုံ စစ်ရေးအစုအဖွဲ့ ဖွဲ့စည်းရန် အမေရိကန်ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။လက်ရှိတွင် အမေရိကန်စစ်တပ် ဥရောပစစ်ဌာနချုပ်သည် နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကို ပင်လယ်နက်တွင် ပြုလုပ်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ထုတ်ပြန့်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်ဟု ရုရှားမီဒီယာများ၏ ဖော်ပြချက်များအရသိရသည်။ အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော“Porter” ၊ ကွပ်ကဲရေးသင်္ဘော “Mount Whitney” ၊ ရေနံတင်သင်္ဘော”John Lenthal”တို့သည် ပင်လယ်နက်ရေပြင်တွင် လှုပ်ရှားနေပြီး အမေရိကန် လေတပ် B-1B မဟာဗျူဟာ ဗုံးကြဲလေယာဉ် နှစ်စီးသည် ပင်လယ်နက်ဝေဟင် ရုရှားနယ်စပ်နှင့် ၁၀၀ ကီလိုမီတာခန့်အကွာတွင် ပျံသန်းလျက်ရှိကြောင်း ၊ အမေရိကန်၏ဤလုပ်ရပ်သည် ရုရှားနယ်စပ်တွင် နိုင်ငံစုံ စစ်ရေးအစုအဖွဲ့ တည်ဆောက်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားကြောင်း ၎င်းက ဆိုသည်။

အမေရိကန်၏ ထိုလုပ်ရပ်များသည် ယင်းဒေသ မတည်ငြိမ်မှုဖြစ်စေသည့် အကြောင်းအရင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန်စစ်တပ်အပြင် အချို့နိုင်ငံများ၏ စစ်ရေးအင်အားစုများက ပါဝင်လေ့ကျင့်လျက်ရှိကြောင်း၊ ယူကရိန်းဘက်မှ ၎င်၏အရှေ့တောင်ပိုင်းဒေသပဋိပက္ခကို လက်နက်အင်အားဖြင့် ဖြေရှင်းရန် ပြင်ဆင်ထားပါက ဤတစ်ကြိမ်လေ့ကျင့်မှုသည် အနာဂတ် စစ်ရေးလှုပ်ရှားမှုအတွက် လေ့ကျင့်မှု ဖြစ်နိုင်ကြောင်း ဆိုသည်။

ပင်လယ်နက်အခြေအနေကို ရုရှားက အနီးကပ်ခြေရာခံစောင့်ကြည့်လျက်ရှိပြီး ရုရှားပင်လယ်နက်စစ်ရေယာဉ်အုပ်စုက အမေရိကန်တပ် သင်္ဘောများ၏ ပင်လယ်နက်လှုပ်ရှားမှုကို စောင့်ကြပ်မှုများ ပြုလုပ်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားစစ်တပ်က အမေရိကန်စစ်သင်္ဘောများ၏ ပင်လယ်နက် လှုပ်ရှားမှုတိုင်းကို အနီးကပ်စောင့်ကြည့်နေပြီး ရန်လိုရန်စသော မည်သည့် လှုပ်ရှားမှုမျိုးမဆို ဖြစ်ပွားခွင့် ပြုမည်မဟုတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးLarisa Shoyguက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)
(国际)俄罗斯国防部:美意图在俄边界附近组建多国军事集团

新华社莫斯科11月9日电(记者李奥)俄罗斯国防部9日表示,美国正意图在俄边界附近组建一个多国军事集团。
据俄罗斯媒体报道,俄国防部当天在一份声明中说,目前,美军欧洲司令部组织的多国军演正在黑海水域进行。美国海军“波特”号驱逐舰、“惠特尼山”号指挥舰、“约翰•伦索尔”号运油船正在黑海水域活动,美国空军两架B-1B战略轰炸机在黑海水域上空距俄边界约100公里处飞行。美方这些举动显示,美国正意图在俄边界附近组建一个多国军事集团。

声明说,美方这些举动是该地区的不稳定因素。除美军外,格鲁吉亚、罗马尼亚、保加利亚、乌克兰和土耳其等国军事力量参加演习。这表明,一旦乌克兰方面准备以武力解决其东南部冲突,此次演习可能就是对未来军事行动的演练。

声明表示,俄方正在对黑海局势进行密切跟踪,俄黑海舰队正在对美国军舰在黑海水域的活动进行监控。
俄国防部长绍伊古7日表示,俄军方正在密切监视美国军舰在黑海的一举一动,绝不允许任何挑衅行为发生。(完)
Photo1:USS Porter (U.S. Sixth Fleet photo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.